❄7

517 98 7
                                    

~~အချိန်အတော်ကြာအေးစက်နေခဲ့တဲ့ နှလုံးသား~~
ဘဝရဲ့အချိုးအကွေ့တွေမှာကြုံတွေ့ရတတ်တဲ့
အခက်အခဲတွေ စိတ်ညစ်စရာတွေနဲ့ ရင်ဆိုင်တိုက်ခိုက်ရတဲ့အခါ... အင်အားတစ်ချို့ ကုန်ခမ်းသလို ခံစားရတဲ့အခါ ထွေးပွေးပေးမယ့် ရင်ခွင် ခိုလှုံစရာ ရင်ခွင်..ဘတ်ဟျွန်းတောင့်တာမိတာ နွေးထွေးမှု သ​ကေ်တဆောင်တဲ့ မိဘရင်ခွင်..သို့သော် လိုချင်တိုင်း ပေးလေ့မရှိတဲ့ လောကကြီးဟာ ဘတ်ဟျွန်းအပေါ် နာကျင်မှုတွေကိုသာ ဆောင်ကြဥ်းလေသည်။
အိမ်ကထွက်သွားတဲ့မေမေက ၂ နှစ်လောက်အကြာမှာပဲ နှလုံးရောဂါကြောင့် ဆုံးပါးသွားကြောင်းသိလိုက်ရတဲ့ ကလေးငယ်..
အမေဆုံးပြီး တစ်လပြည့်နေ့မှာပဲ မိန်းမတစ်ယောက် လက်ကိုဆွဲကာ အိမ်ပေါ်ခေါ်တင်လာတဲ့ အဖေ..တစ်ဆက်တည်းကြားလိုက်ရတာက..'အဖေ ချစ်ရတဲ့လက်တွဲဖော်နဲ့ ဘဝသစ်ထူထောင်တော့မယ်တဲ့..'
"ဘဝသစ်တဲ့လား" အဲ့ဘဝထဲကို ဘတ်ဟျွန်းက ဘယ်လိုပုံစံမျိုးနဲ့ ဝင်ရမှာလဲ..သူစိမ်းတစ်ယောက်ကို အမေဆိုတဲ့ နာမ်စားကို လွယ်လွယ်ခေါ်ခိုင်းရက်တဲ့ အဖေ့ကို ဘတ်ဟျွန်းအပြစ်တင်မိသည်။
ဘတ်ဟျွန်းတို့ မိသားစုသုံးယောက် အတူပျော်ရွှင်တုန်းကဆို အဖေက မေ့မေ့ကို ချစ်တယ်လို့ ပြောတာ ခဏခဏကြားဖူးသည်။ပြုံးပျော်နေတဲ့ မိဘနှစ်ယောက်ကြောင့် သားသမီးဖြစ်တဲ့ ဘတ်ဟျွန်းဆီလည်း အပျော်တွေ ထပ်တူကူးစက်ခဲ့တာပေါ့..
ဒါပေမယ့် ထိုစကားကိုပဲ အဖေက တစ်ခြားမိန်းမတစ်ယောက်ရည်ညွှန်းပြီး ကိုယ့်ရှေ့မှာပဲ ထပ်ပြောလာတဲ့အခါ..ဘတ်ဟျွန်း အဖေ့ကို မေးချင်သည်။
"ချစ်တယ်"ဆိုတဲ့ စကားက လွယ်လွယ်နဲ့ပြောင်းလဲတတ်တာလားလို့..

မိဘတွေရဲ့ အိမ်ထောင်ရေး အဆင်မပြေမှုကနေ စိတ်ဒဏ်ရာ ရခဲ့တဲ့ ဘတ်ဟျွန်းက ဖခင်ဆီက လျစ်လျူရှုမှုတွေပါထပ်ဆင့်ရခဲ့သည်။
မိထွေးကလည်း မိထွေးပီပီ ဘတ်ဟျွန်းအဖေရှေ့ဆို တစ်မျိုး ကွယ်ရာတစ်မျိုးနဲ့ ဘတ်ဟျွန်းအပေါ်မကောင်းခဲ့ပေ..ပျော်ရွှင်မှုမပါတဲ့ နေ့ရက်တွေကို ကြိုးစားဖြတ်သန်းရင်း အချိန်တစ်ခုရောက်တဲ့အခါ ဖခင်နဲ့ မိထွေးအပေါ် မုန်းတီးစိတ်တွေက ဘတ်ဟျွန်း နှလုံးသားမှာ အမြစ်တွယ်လာပြီး အေးစက်ထိုင်းမှိုင်းသွားခခဲ့တာ အခုအချိန်အထိ..ချန်းယောဘ်နဲ့ မတွေ့ခင် အချိန်ထိပေါ့..

C• U • R• EDove le storie prendono vita. Scoprilo ora