❄️13

457 66 2
                                    

Uni

"မဟုတ်ဘူး..မထိနဲ့ ကျွန်တော် ရွံတယ်"

အချိန်တွေရပ်တန့်သွားသည့်အလား အရာရာ ဆိတ်သုဥ်းကုန်သည်။
အံ့သြရိပ်တွေနဲ့ ၀န်း၀ိုင်းသွားတဲ့ မျက်၀န်းတစ်စုံက ကျွန်တော့်ကို စွံ့အစေသည်။ရင့်ဘတ်တစ်ခုလုံးပါ အောင့်တက်လာသည်။
ကျွန်တော့်စကားလုံးတွေက သူ့ကို ဒဏ်ရာဖြစ်စေပြီဆိုတဲ့အသိကြောင့် ကျွန်တော့် ကမ္ဘာကြီးတစ်ခုလုံး ပြောင်းပြန်ဖြစ်သွားသလိုပင်..
ကျွန်တော် နှုတ်က ဘာလို့ ထိုစကားတွေကို ထွက်ကျခွင့်ပြုရပါသနည်း..

ဦးနှောက်ထဲပေါ်လာတဲ့ ပုံရိပ်တွေကြောင့်
အလိုအလျောက် တွေးမိတဲ့ စကား‌တွေက..
နှုတ်က ထွက်ကျလာတဲ့အထိ ကျွန်တော့်အသိစိတ်တွေက မထိန်းချုပ်နိုင်တော့ဘူးတဲ့လား...ဟုတ်တယ် ကျွန်တော် ထိုစကားလုံးတွေကို တကယ်ပဲ တွေးမိတယ်..ဒါက အချိန်အတော်ကြာ ကျွန်တော်စိတ်ထဲ စွဲစွဲမြဲမြဲ ရွံ့မုန်းနေခဲ့တဲ့ မြင်ကွင်းတစ်ခုကြောင့်..
မေမေ အိမ်ပေါ်က ဆင်းတဲ့အထိဖြစ်ပြီး မကြာခင်ခေါ်တင်လာတဲ့ မိန်းမနဲ့လည်း ဒယ်ဒီသည် ကြာကြာအဆင်မပြေပါ..အကြောင်းပြချက်ကတော့ စီးပွားရေးအရ လက်ထပ်ခဲ့တာမို့လို့တဲ့..ထိုစကားနောက်ပိုင်း..ဟိုအမျိုးသမီးကလည်း အိမ်မှာနေသည်သိပ်မရှိတော့..ကိစ္စရှိသည့် အခါမျိုးမှသာ တစ်ခါတစ်ရံ ပြန်လာတော့သည်။သို့သော် ကျွန်တော် ပျော်ခွင့်ပင်မရလိုက်..သိပ်မကြာခင်မှာပင် အိမ်ကို အမျိုးသမီးငယ်လေးတွေ ပါပါလာတော့သည်။ တစ်ခေါက်နှင့် တစ်‌ခေါက် ပါလာသော မိန်းကလေးတွေသည်မတူ..စိတ်ပျက်ပြီးရင်း စိတ်ပျက်စေတဲ့ ဒယ်ဒီက ရွံမုန်းခြင်းကိုပါနားလည်တတ်စေခဲ့သည်။
အဆင့်တစ်ရတဲ့ report card လေးမှာလက်မှတ်ထိုးခိုင်းဖို့ ကျောင်းက ပြန်ရောက်ရောက်ချင်း ကားပေါ်ကဆင်းပြေးပြီး ဒယ်ဒီအခန်းဆီသို့ ‌အပြေးအလွှားသွားမိတဲ့ ၁၂ နှစ်အရွယ် ကျွန်တော့်အတွက်..ကုတင်ပေါ်က ဒယ်ဒီဆိုသူနဲ့ ထိုအမျိုးသမီးငယ်တို့၏ ဖြစ်ပျက်နေပုံက..ရွံရှာခြင်းကို နားလည်‌စေဖို့လုံလောက်ခဲ့သည်။
ကြိုးစားမေ့ပစ်ထားတဲ့ ထိုအရာတွေသည်..
သူတို့နှင့် တိုက်ရိုက်ဆက်နွယ်နေသူကို တစ်ခါတည်းလေး အမှတ်မထင်ပြန်တွေ့ရုံနဲ့ တရိပ်ရိပ်ပြန်‌ပေါ်လာတာ နည်းနည်းတော့ မတရားပေ..ပြီးတော့ မဆီမဆိုင် ဒီအချိန်ကျမှ ခေါင်းထဲရောက်လာရတာလဲ..အဓိပ္ပာယ်မရှိလိုက်တာ

C• U • R• EWhere stories live. Discover now