❄8•LOVE U ❤

647 106 11
                                    

အသိဆရာဝန်တစ်ယောက် ချန်းယောလ်ဆီကို ဆေးမှတ်တမ်းသွားပေးစရာရှိတာသိရတော့ လမ်းကြုံတယ်ဆိုတဲ့ အကြောက်းပြချက်နဲ့ ဘတ်ဟျွန်း ဆေးမှတ်တမ်းကို ယူလာလိုက်ကာ ချန်းယောလ်ရှိရာဆီ..
ဓာတ်လှေကားစီးနေတဲ့ အချိန်ခဏအတွင်းမှာလည်း ဘာကြောင့်မှန်းမသိ ရင်တစ်စုံဟာ လှုပ်ခတ်နေခဲ့သည်ကို အသာ လျစ်လျူရှုထားလိုက်ရသည်။အခန်းရှေ့ရောက်ချိန်မှာတော့ ခပ်ပြင်းပြင်း လေတစ်ချက်မှုတ်ထုတ်လိုက်ကာ တံခါးလက်ကိုင်ကိုကိုင်လိုက်တော့သည်။ဘာလို့ဒီလောက်စိတ်လှုပ်ရှားနေပါလိမ့်.. ဘတ်ဟျွန်း သူကိုယ်တိုင်တောင်နားမလည်တော့..ဒါပေမယ့် တံခါးဖွင့်လိုက်တဲ့အချိန် ခြေလှမ်းတို့ ရပ်တန့်ကုန်သည်။မြင်လိုက်ရတဲ့မြင်ကွင်းက ဘတ်ဟျွန်းရင်ကို အောင့်စေသည်။ချန်းယောလ်နဲ့အရပ်ချင်းသိပ်မကွာတဲ့ မိန်းကလေးက ချန်းယောလ်ပါးကို ချစ်စနိုးဖျစ်လိုက်တော​့ ဖြစ်တည်လာတဲ့ ချန်းယောလ်အပြုံးတို့က ဘတ်ဟျွန်းမျက်ရည်တို့ကို ဖန်တီးလေသည်။
ဘာလို့ ဒီရင်ဘတ်ကအောင့်လာရတာလဲ..
အစိုးမရတော့တဲ့ မျက်ရည်တို့နှင့်အတူ လူရှင်းတဲ့ ထောင့်တစ်နေရာသို့ ဘတ်ဟျွန်းပြေးထွက်လာခဲ့လိုက်သည်။လှည့်ထွက်သွားတဲ့အချိန် လျှပ်တပြက်မြင်လိုက်ရတဲ့  ဖိနပ်ဖြူလေးကြောင့် ချန်းယောလ်ချက်ချင်းပင် လိုက်သွားသည်။သို့သော် ကောင်ငယ်လေးကို မျက်ခြေပျက်သွားသည်။ဘေး​ဘေးဘီဘီ ရှာကြည့်မိသည်။

"ဟင့်.. ဟင့်"

ခပ်သဲ့သဲ့ကြားလိုက်ရတဲ့ ရှိုက်သံလေး..
သေချာရှာကြည့်မိတော့ နံရံထောင့်တစ်နေရာမှာ ငုတ်တုတ်လေးနဲ့ ခေါင်းမောက်ကာ ငိုနေတဲ့သူလေး..ပုခုံးလေးတွေလည်း တသိမ့်သိမ့်တုန်နေသည်။

"ဟျွန်းနီး"

အပြေးသွားကာ ခေါ်မိတော့ မော့ကြည့်လာတဲ့ နီရဲရဲမျက်ဝန်းလေးတစ်စုံက ဒီကောင့်ရင်ကို နာကျင်စေသည်။စဥ်းစားနိုင်စွမ်းတွေပျောက်ရှသွားလောက်အောင် ခံစားချက်တွေက အားကောင်းလွန်းနေတာမို့ သူလေးရှေ့ ဒူးထောက်ထိုင်လိုက်ကာ ရင်ခွင်ထဲထည့်ကာ တင်းကြပ်စွာ ဖက်ထားမိသည်။

"အီးဟီး..ဟင့်.."

ကလေးငယ်တစ်ယောက်လို ရင်ခွင်ထဲမှာ အော်ငိုနေတဲ့ ကောင်လေးကို ကျောလေးပွတ်ပေးကာ အဆင်ပြေတဲ့အထိ ငိုခွင့်ပေးလိုက်သည်။သူ့အတွက် ခိုလှုံရာ ရင်ခွင် ဖြစ်ရတာပဲ ကျေနပ်ပါပြီ...

C• U • R• EWhere stories live. Discover now