"ဒါ စီးပွားရေးအရ လုပ်နေတာပါလို့ပြောပြီးပြီလေ"
"သြော်.. dinner တွေမှာ တစ်ပူးတွဲတွဲ
အိမ်ပြန်လိုက်ပို့ အဲ့တာလည်း စီးပွားရေးပဲလား."နှစ်ယောက်စလုံးရဲ့စကားသံမှာ ခက်ထန်မှုတွေသာကြီးစိုးနေသည်။
"ငါပြောပြီးပြီလေ သူ့ကား ပျက်သွားလို့ လိုက်ပို့ပေးတာပါလို့"
"သြော် လိုက်ပို့ပေးစရာ ရှင်ပဲရှိတာလား
ဒါမှမဟုတ် ရှင်က Taxi သမားမို့လို့လား"အမျိုးသမီးရဲ့ခနဲ့သံအဆုံးမှာ
"မင်း!! မင်း တော်လိုက်တော့"
"မတော်နိုင်ဘူး ပြောရမယ်
စီးပွားရေးကို ဗန်းပြပြီး ရှင်နဲ့ရှင့်ဟာမ ပလီနေတာ ကျွန်မမသိဘူးများမှတ်နေလား""ဘာ!! အေး ဟုတ်တယ်ပဲထား
အဲ့လိုဖြစ်တယ်ဆိုရင်တောင် အဲ့တာ မင်းကြောင့်လည်း ပါတယ် တစ်နေကုန် ပင်ပန်းလာပြီး အိမ်ပြန်လာတယ်
အိမ်ရောက်တော့ မိန်းမလုပ်တဲ့သူက အိမ်မှာမရှိဘူး
အမြဲတမ်း ထမင်းစားပွဲမှာ တစ်ယောက်တည်းပဲ အချိန်ကုန်ရတယ် မနက်ရောက်တော့လည်း ယောကျ်ားအတွက် အလုပ်သွားဖို့ ပြင်ဆင်ပေးတာ မနက်စာပြင်ဆင်ပေးတာ ဘယ်မှာလဲ
ဟမ်?""ဒါကတော့ ကျွန်မလည်း စီးပွားရေးလုပ်နေရတာ နားလည်ပေးမှပေါ့ "
"ဟ..နားလည်ပေးဟုတ်လား
မင်းကို ဘယ်သူက စီးပွားအတင်းရှာခိုင်းနေလို့လဲ ငါတစ်ယောက်ရှာတာနဲ့တင် တစ်သက်စားမကုန်ဘူး ပြီးတော့ ငါ မိန်းမယူထားတာ
စီးပွားရှာဖက်ယူထားတာမဟုတ်ဘူးကွ"ဧည့်ခန်းထဲက မိဘနှစ်ယောက်ရဲ့ဒေါသနဲ့ ပြင်ထန်နေတဲ့စကားလုံးတွေက အပြင်က မိဘတွေကို ခိုးကြည့်နေတဲ့ ကလေးငယ်အဖို့တော့ ကြောက်ရွံမှုနဲ့ မျက်ရည်တို့ကိုသာ ဖြစ်တည်စေသည်။
စီးပွားရေးကို ဘယ်လိုလုပ်ရင် အောင်မြင်မလဲဆိုတာပဲစဥ်းစားနေတဲ့ သူတို့ခေါင်းထဲမှာ
သားသမီးတစ်ယောက်က ဘာကိုလိုအပ်တယ် ဘာကိုတောင့်တနေလဲဆိုတာတော့ စိတ်မဝင်စားခဲ့..
၇ နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ ရင်ထဲကဒဏ်ရာတွေကိုလည်း မမြင်သလို ပျော်ရွှင်မှုကိုလည်း ဖန်တီးမပေးနိုင်ခဲ့..
သူတို့ကိုယ်တိုင်တောင် ပျော်ရွှင်မှုဆိုတာကို နားမလည်တော့လည်း~~~
![](https://img.wattpad.com/cover/243649873-288-k834543.jpg)
YOU ARE READING
C• U • R• E
FanfictionC U R E M Y H E A R T❤ ကျွန်တော်ရဲ့ချစ်ရပါသော ဒေါက်တာချန်း 저의 사랑하는 의사,찬