❄ 1

2.9K 184 21
                                    

တစ်ခြားသူတွေရဲ့ နှလုံးသားကို ကုသပေးနေတဲ့မင်းလေးက မင်းလေးကိုယ်တိုင်ရဲ့ နှလုံးသားကိုတော့ ဘာလို့နာကျင်တဲ့အတိုင်း ထားထားရတာလဲ
ဒါပေမယ့် စိတ်မပူပါနဲ့ ကိုယ်က ကိုယ့်နှလုံးသားနဲ့ မင်းလေးကို ကုသပေးမှာပါ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

လူနာတင်ယာဥ်ကားတစ်စီးသည် ဆေးရုံဝင်းအတွင်းသို​့ ဝင်ရောက်လာသည်နှင့်တစ်ပြိုက်နက် တာဝန်ကျ ဆရာဝန်နဲ့ သူနာပြု များကလည်း ဆေးရုံအဆောက်အဦးရှေ့ကနေ ကားကို စောင့်လျက်ရှိကြသည်။
တခဏအတွင်းမှာ လူနာတင်ကားက သူတို့အရှေ့ရပ်ကာ တာဝန်ရှိသူတို့က ကားတံခါးဖွင့်ကာ လူနာအမျိုးသားကို ရွှေ့ပြောင်းဖို့ လုပ်ကြသည်။

"ဒေါက်တာ..လူနာနာမည်က လီဂျောင်ဆွတ်
အသက်က ၃၇ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုလို့ သိရပါတယ် နှလုံးခုန်နှုန်း အရမ်းနှေးနေပြီး ရပ်လုနီးပါး အနေအထားပါ"

လူနာရဲ့ အချက်အလက်အချို့ကို သူနာပြုမလေးက တာဝန်ကျဒေါက်တာကို ပြောပြတော့..

"ဟုတ်ပြီ ခွဲစိတ်ခန်း ၃ ကို ပြင်ထားပေးပါ"

"ဟုတ်ကဲ့"

ဆိုကာ သူနာပြုမလေးက ပြေးထွက်သွားသည်။

ဆရာဝန်နဲ့ ကျန်သူနာပြုအချို့ကလည်း လူနာတင်ထားတဲ့ ဘီးပါ ကုတင်ကို တွန်းကာ အလျင်လိုနေကြသည်။

နှလုံးအထူးခွဲစိတ်ဆရာဝန် ဗြောင်ဘတ်ဟျွန်း

လုပ်သက် ၂ နှစ်ကျော်သာ ရှိသေးပေမယ့် ရောဂါအခြေအနေသုံးသပ်ရာမှာ တော်လွန်းပြီး ခွဲစိတ်မှုတိုင်းကလည်း အောင်မြင်သည်။
အားလုံးက လက်လျှော့ကြတဲ့ အခြေအနေမျိုးတွေမှာတောင် မထင်မှတ်ထားလောက်အောင် အခြေအနေကို ပြောင်းလဲနိုင်သူလည်း ဖြစ်တာကြောင့် ဆရာဝန်လောကမှာ
နှလုံးအထူးကု ​ဗြောင်ဘတ်ဟျွန်းဆိုလျှင် မသိသူ မရှိသလောက်ပင်။
ထူးချွန်လွန်းသူ ဖြစ်သည့်အပြင် ငယ်ရွယ်ပြီး ရုပ်ရည်အရလည်း အများက အားကျရလောက်အောင် ကြည့်ကောင်းသူမို့ ဆေးပညာနဲ့ ပတ်သက်တဲ့ တီဗီအစီအစဥ်တွေက ကမ်းလှမ်းပေမယ့် လူအများနဲ့ ထိတွေ့ဆက်ဆံပြီး အရယ်အပြုံးဆိုတာ ဘယ်ဟင်းချက်ချက် လိုအပ်တဲ့ ဆားလိုမျိုး မပါမဖြစ်
ဖြစ်နေတာမို့ ထိုအလုပ်မျိုးက ဘတ်ဟျွန်းအဖို့ လုံးဝအဆင်မပြေ။ဒါကြောင့် ကမ်းလှမ်းလာတိုင်း ငြင်းပယ်ခဲ့သည်ချည်းသာ။
အရယ်အပြုံးမရှိဘဲ အေးဆေးတည်ငြိမ်လွန်းတဲ့ ဘတ်ဟျွန်းကို အားလုံးက အဲ့ဒီလိုမျိုး တည်ငြိမ်လွန်းလို့ အလုပ်အပေါ်အာရုံစိုက်နိုင်စွမ်းကောင်းကာ ခွဲစိတ်မှုတွေက အံ့မခန်းဖြစ်နေခြင်းလား ဟူ၍လည်း မှတ်ချက်ပေးကြသည်။

C• U • R• EWhere stories live. Discover now