❄️14

905 79 7
                                    

"hi Chanyeol"

အမေရိကမှ ပြန်ရောက်တာမကြာသေးသူ အယ်လီ၏ နှုတ်ဆက်မှုကို ချန်းယောလ်ကတော့ "ဟုတ် morning ပါအစ်မမင်နာ"
ဟူ၍ ရိုရိုသေသေပြန်နှုတ်ဆက်သည်။

အယ်လီဆိုသူသည် ဟိုနေ့ ဓာတ်လှေကားရှေ့တွင် ချန်းယောလ်နဲ့စကားပြောနေခဲ့သော အမျိုးသမီးဖြစ်သည်ကို ဘတ်ဟျွန်းမှတ်မိလိုက်သည်။အရင်က ဘယ်သူနဲ့မှ အခေါ်အပြောအဆက်အဆံမလုပ်ခဲ့သော်လည်း အခုနောက်ပိုင်း ချန်း‌ယောလ်နဲ့တွဲသွားတိုင်း ချန်းယောလ်ကို လာနှုတ်ဆက်သူများကို ချန်းယောလ်မိတ်ဆက်ပေးသောအခါ ဖော်ဖော်‌ရွေရွေပြန်ဆက်ဆံဖြစ်ခဲ့သည်။ ကိုယ့်ကြောင့် ချန်းယောလ်ကို မျက်နှာမပျက်စေချင်သလို ကိုယ်ကိုယ်တိုင်လည်း အရင်လိုမနေချင်တာလည်း ပါသည်။သို့သော် မျက်စိရှေ့က အမျိုးသမီးကိုတော့ ဘတ်ဟျွနည်းနည်းမှပင် ပြုံးမပြချင်..သူနဲ့ ကိုယ့်ကြား ဘာအဖုအထစ်မှ မရှိခဲ့သော်ငြား စိတ်ထဲတွင် ဘာကို သဘောမကျဖြစ်နေမှန်းလည်းမသိ..

"ခေါ်ပြန်ပြီ..ချန်းယောလ်ကတော့ တို့ဘာ ပြောထားလဲ အယ်လီလို့ပဲ ခေါ်ပါဆို..
သုံးနှစ်လောက်ပဲ ကွာတဲ့ဟာ ..အစ်မ အစ်မနဲ့ တို့မနေတတ်ဘူး..ဟိုမှာလည်း နာမည်ပဲခေါ်ခံလာရတာဆို‌တော့"

သာမန်ထက် ရင်းနှီးနေတဲ့ အသုံးအနှုန်းတို့ကိုလည်း ဘတ်ဟျွန်း သိပ်သဘောမကျ..

"ဟုတ် အစ်မ..အဲ အယ်လီ"

ဟု ချန်းယောလ်ပြန်ဖြေကြားချက်ကို အယ်လီ ကျေနပ်သွားဟန်ပြုံးသည်။

"ဟုတ်ပြီ ဒါမှပေါ့..ဒါနဲ့ သူလေးက"

သူလေးက...ထိုအသုံးအနှုန်းသည်လည်း ဘတ်ဟျွန်းကို မှေးမှိန်စေသလို ခံစားရသည်။
တစ်ချိန်တည်းမှာ ချန်းယောလ်၏အဖြေကိုလည်း သိချင်မိသည်။ ချန်းယောလ် ဘယ်လိုပြန်‌ဖြေမှာလဲ?
ဘတ်ဟျွန်းမှာ ခံစားချက်တွေ ရောထွေးကာ  အလိုမကျဖြစ်နေသလောက် ချန်းယောလ်ကတော့ ပြုံးရွှင်စွာဖြင့်ပင် အယ်လီ၏အမေးကို..

"aww ဟုတ်သားပဲ မိတ်ဆက်ပေးရဦးမယ်
ဒါ ကျွန်တော့်ရဲ့..."

ပြောရင်း ငုံ့ကြည့်လာသူ..
ချက်ချင်းပြန်မဖြေပဲ တုံ့ဆိုင်းနေသူဟာ ဖြေစရာစကားတို့ပျောက်ရှနေ၍လား..သို့မဟုတ်
သူနဲ့ ကျွန်တော့်ကြားက ဆက်ဆံရေးကို ဖော်ပြမည့်စကားလုံးတို့ကိုပင် ထုတ်မပြောချင်၍လား..သို့လော သို့လော အတွေးတို့သည် တိုး၍ ဖိစီးလာပြန်သည်။

You've reached the end of published parts.

⏰ Last updated: Nov 28, 2021 ⏰

Add this story to your Library to get notified about new parts!

C• U • R• EWhere stories live. Discover now