❄️12

455 65 6
                                    

ကိုယ့်ကို အားပေးစကားပြောပေးတဲ့ အသည်းလေးတွေ တကယ်ကျေးဇူးတင်ပါတယ်နော်💙❤️😗 de ဝင်တိုင်းပြန်ကြည့်လို့ရအောင် ရှေ့ကဖျက်မယ်ပြောထားတာလေး မဖျက်တော့ဘူးနော်

~~~~~~~~
Uni
၀ရန်ဒါရှေ့ထွက်ကာ ကော်ဖီတစ်ခွက်ကိုင်လျက် မီးရောင်စုံများဖြင့် တစ်မျိုးလှနေတတ်သော ညခင်းအလှကို ငေးမောနေသူ..
အတွေးတစ်ချို့လည်း ရှိနေမည်ထင်၍ အနားမသွားသေးဘဲ နောက်ကနေသာ တစ်ဆင့်ပြန်ငေးနေမိသည်။ညရှုခင်းကို နောက်ခံထားကာ
အတွေးခရီးနှင်နေသူ၏ မြင်နေရတဲ့ ဘေးတစောင်းအနေအထားက ဂန္ဒ၀င်မြောက်နေတမျိုးမဟု‌တ်သော်ငြား ကိုယ့်အတွက်တော့ အကြည့်‌တို့ဖယ်ခွာနိုင်စွမ်းမရှိအောင် ငြို့ငင်နိုင်သော ပန်းချီကားတစ်ချက်အလား..
မျက်၀န်းတွေထဲတွင်သာ သိမ်းဆည်းရတာ အားမရ၍ ဘောင်းဘီအိပ်ကပ်ထဲမှ ဖုန်းကိုထုတ်ကာ မှတ်တမ်းတင်မိသည်။
သီးသန့် album တစ်ခုထဲမှာ ပန်းချီကားတစ်ချပ်ထပ်တိုးလာပြီပေါ့..ပြီးတော့ ပင်ပန်းတဲ့အချိန်တိုင်း ဖွင့်ကြည့်ရတဲ့ ကျွန်တော့်ရဲ့ အားဆေးလေးတစ်လုံး..နောက်မှ သွားပြီး သိမ်းကျုံးဖက်ထားလိုက်ချင်ပေမယ့်လည်း ထိန်းချုပ်ထားရပါဦးမည်။ချစ်ရသူလေးက လက်ခံကြောင်းမှ အကြောင်းမပြန်သေးပဲကိုး

ဘာမှထူးထူးခြားခြားရှိနေတာမျိုးမဟုတ်ပေမယ့်လည်း ..
‌အဆောက်အဦးအသီးသီးက မီးရောင်
တွေ လမ်းမီးရောင်တွေ လမ်းမထက် တလိပ်လိပ်ပြေးနေသော ကားတွေ ကားမီးရောင်တွေ လှုပ်ရှားသွားလာနေကြသူတွေ..
ညဆိုတဲ့ ဖန်သားပြင်ပေါ်မှာ ဖြစ်တည်ပါ၀င်နေတဲ့ သက်ရှိသက်မဲ့တို့၏ သဏ္ဍာန်အလုံးစုံကို ငေးကြည့်ရတာ သဘောကျမိသည်။
နေ့ဘက်ဆို ထိုသို့သော အရာများကို အထွေအထူးမဟုတ်..တစ်ခါတစ်လေ စိတ်ရှုပ်သလို ခံစားရသော်ငြား ညဘက် မြင်တွေ့ရရင်တော့ ကိုယ့်စိတ်ထဲလှပပြီး တစ်မျိုးဆွဲဆောင်မှုရှိနေသည်။ပြေးလွှားနေသော ကားတွေကို ကြည့်ရင်း တစ်နေရာတည်းရပ်နေတာမျိုးမလုပ်ဘဲ ‌နှေးသည်ဖြစ်စေ မြန်သည်ဖြစ်စေ ရှေ့ဆက်လျှောက်နေရမှာ ဘ၀ပါလားဆိုတဲ့အတွေးမျိုး..ကိုယ်ရောက်ချင်တဲ့နေရာ မြန်မြန်ရောက်ဖို့ အရှိန်တင်နိုင်သလောက်တင်ရမှာဖြစ်ပေမယ့် အရှိန်မလွန်စေရန် ရှေ့ရောက်ဖို့ပဲ ဇောကြီးပြီး ဘေးက၀င်လာနိုင်တဲ့ အန္တရာယ်တစ်ချို့ကို မမြင်ရင်လည်း ပန်းတိုင်ရောက်ဖို့ ပိုကြာသွားတတ်သည့်သဘောမျိုးတွေလည်းတွေးမိသည်။
လှုပ်ရှားရုန်းကန်နေသူတွေကိုမြင်ရ‌တော့လည်း ကိုယ်ကျရာဇာတ်ရုပ်မှာ အကောင်းမွန်ဆုံးနဲ့ ပီပီပြင်ပြင်ဖြစ်ဖို့ ကြိုးစားရှုင်သန်ခြင်းဟာလည်း ဘ၀ပါလားပေါ့..ထိုအတွေးတို့နောက် ကိုယ့်ရဲ့အနာဂတ်နေ့တွေကို ပိုမိုကောင်းမွန်စွာ ဖြတ်သန်းဖို့..ရှင်သန်ခွင့်ရနေသေးတဲ့ တစ်ရက်တာကိုလည်း တန်ဖိုးရှိရှိဖြတ်သန်းဖို့..ကိုယ့်ကြိုးစားမှုတွေနဲ့အတူ ထိုက်ထိုက်တန်တန် ပျော်ရွှင်မှုတို့ ရှိဖို့ လိုအပ်ကြောင်းလည်းတွေးမိလာသည်။
ထိုအတွေးတို့ကပဲ ပြင်ဆင်လို့မရတဲ့ အတိတ်အပေါ် ကျွန်တော့်ရဲ့စွဲလမ်းမှု ဖက်တွယ်မှုတို့ကို လွှတ်ချဖို့ အကောင်းဆုံးတွန်းအား‌တွေဖြစ်လာတယ်..ဟုတ်တယ် ကျွန်တော့်ပခုံးတွေကို အချိန်‌အတော်ကြာ ၀န်ပိစေခဲ့တာ ကျွန်တော်ကိုယ်တိုင်ပဲ..အခု လွှတ်ချလိုက်ဖို့ အချိန်တန်နေပြီ...ထိုဆုံးဖြတ်ချက်၏အဆုံး
ကျွန်တော့်ပခုံးအပေါ်က‌အတိတ်ထဲက မထွက်နိုင်ခြင်း၀န်တွေသည် ဒီ၀ရန်တာကနေ အောက်ကို ပြုတ်ကျသွားသလို..ကျွတ်တော့်စိတ်ရော ကိုယ်ရော တကယ်ကိုပေါ့ပါးသွားသည်။ခပ်ပြင်းပြင်းတိုး‌‌‌ေ၀ှ့လာတဲ့ လေအေးကြောင့် တစ်ကိုယ်လုံးအေးစိမ့်သွားရသလို
ထိုလေအေးကိုပင် အသက်ပြင်းပြင်းတစ်ချက်ရှူရှိုက်မိသည်။ ထို့နောက်ခေါ်သံကြားရသော ကျွန်တော့်၏ အမည်နာမ..
အနောက်က အသံပိုင်ရှင်ထံ လှည့်ကြည့်မိသည်..ကျွန်တော့်အတိတ်တွေကို တစ်ချက်မမေးပါဘဲ အစမဖော်ပါဘဲ ကျွန်တော့်ကို သူ၏ချစ်ခြင်း နွေးထွေးခြင်းတွေနဲ့ ပစ္စုပ္ပန်ဆီ လက်ကမ်းပေးသူ..
အခုလည်း ယူလာတဲ့ အနွေးထည်ပါးတစ်ထည်က ကျွန်တော့်ကိုယ်ပေါ်နေရာယူသွားနှင့်လေပြီ..နွေးနွေးထွေးထွေး အပြုံးတစ်ခုပေးလာသူကို ထပ်တူအပြုံးတစ်ခု ပြန်ပေးမိသည်။သို့သော် ကျွန်တော့်ထံတွင် အဖြေမထုတ်ရဲသေးသော ပုစ္ဆာတစ်ပုဒ်တော့ ကျန်နေသေးသည်။အဲ့ဒါ...

C• U • R• EWhere stories live. Discover now