❄11

442 74 5
                                    

Unicode

"ချန်းယောလ် ကျွန်တော်ပါလိုက်မယ်"

"တစ်နေကုန်လည်း ပင်ပန်းထားတာ မလိုက်ပါနဲ့  အိမ်မှာပဲ နားနေလိုက်ပါ ကိုယ်ပဲ သွားလိုက်မယ် နော်"

ဒီနေ့ အရေးကြီးတဲ့ ခွဲစိတ်မှုတစ်ခုလုပ်ရတာကြောင့် ခွဲခန်းထဲမှာပင်တစ်နေကုန်ခဲ့သည်။ 
နားချင်နေပေမယ့် တစ်ပတ်စာ၀ယ်ထားတာ
တွေကုန်ခါနီးပြီမို့ စျေးသွား၀ယ်မယ့်သူ့ကိုလည်း တစ်ယောက်
တည်းမလွှတ်ချင်..တကယ်ဆိုသူကတောင် ပိုပင်ပန်းသေးတယ် မနက်ဆိုလည်း မနက်စာ ထချက် ဆေးရုံသွားတော့လည်း သူပဲကားမောင်း..ညပြန်လာရင်လည်း ညစာချက်ရပြုတ်ရပြန်ရော ပင်ပန်းပါတယ် ၀ယ်စားကြတာပေါ့ပြောတော့လည်း ကိုယ်တစ်ယောက်လုံးရှိနေရဲ့သားနဲ့ ဟျွန်းနီးကို အပြင်စာတွေမကျွေးနိုင်ပါဘူးတဲ့ ပြောလည်းမရမှာသိနေတော့ ဆက်မပြောဖြစ်တော့ အဲ့တော့ အ၀တ်လျှော် မီးပူတိုက် ပန်းကန်ဆေးတာကိုတော့ ကျွန်တော်တာ၀န်ယူမယ်‌ပြောရသည်။လက်မခံမှာသိလို့ ကားစီခွင့်ပေးထားတဲ့ သဘောတူညီချက်တွေ ဖျက်မယ်ဆိုပြီး ချိန်းခြောက်ရသည်။ဒါလည်း ပန်းကန်ဆေးရင် အနားလာပြီး လုပ်စရာမရှိလို့ ပျင်းလို့ပါဆိုတဲ့ အကြောင်းပြချက်နဲ့ ၀ိုင်းကူဆေးပေးသည်။သူမရှိဘဲ အိမ်မှာတစ်ယောက်တည်းမကျန်ခဲ့ချင်သလိုတစ်ယောက်တည်းလည်း မလွှတ်ချင်ပါ
ကိုယ်ပါသွားရင်တောင် ကောင်မလေးတွေက မသိမသာရော သိသိသာသာပါ ငေးကြတာ
တစ်ယောက်တည်းသာဆို ဖုန်းနံပါတ်တွေဘာတွေပါ တောင်းချင်တောင်းနေမှာ..မဖြစ်ဘူး..

"ဘာလဲ ကျွန်တော်လိုက်ရင် ကောင်မလေးတွေ ရှေ့ ပဲမပေးနိုင်တော့မှာစိုးလို့လား"

လို့ ပြန်မေးမိတော့ သူ၏မူပိုင်အပြုံးအတိုင်း ပြုံးရင်း ခေါင်းကိုလည်း တစ်ချက်ဖွသွားကာ အခန်းထဲ၀င်သွားသည်။

အခန်းထဲက ထွက်လာပြီး ယူလာတဲ့ ကုတ်ကို ၀တ်ပေးသည်။လက်အိတ်၀တ်ပေးသည်။မာဖလာပတ်ပေးသည်။ထိုသို့ ဂရုတစိုက်ရှိခြင်းတွေအပေါ်လည်း ငြင်းဆန်ဖို့မေ့နေသည်အထိ အသားကျနေခဲ့တတ်ပြီ..

ကိုယ့်ပယောဂကြောင့် အနှီးနဲ့ထုပ်ထားသလိုဖြစ်နေတဲ့ အကောင်ပေါက်လေးကို seat belt ပတ်ပေးတော့ နောက်ကခုံက ထွက်ပြေးသွားမှာစိုးသည့်အလား ကျောနဲ့ခုံနဲ့ကို အတင်းကပ်ထားသည်။
မျက်နှာကိုလည်း ကားတံခါးမှန်ဘက် အတင်းလွှဲထားတာလေးကို ကြည့်ပြီး ပြုံးရသေးသည်...seat belt ပတ်ပေးတာ အမြဲလုပ်နေကျဖြစ်သလို ကျွန်တော့်အကောင်ပေါက်လေးသည်လည်း တစ်ခါမှ ပျက်ကွက်သည်မရှိအောင် ထိုသို့အမြဲလုပ်တတ်မြဲပင်..
ကျွန်တော် ဤသို့ ဂရုတစိုက် ရှိပေးမှုတို့ကို မငြင်းပယ်ဘဲ ရှက်ရွံ့သည့်ပုံစံလေးဖြင့်သာ အမြဲလက်ခံပေးတတ်သည်။
အအေးပိုတဲ့ ရာသီဥတုကြောင့် နှာထိပ်လုံးလုံးလေး ရဲတွတ်တွတ်ဖြစ်နေသည်ကိုပင် အသည်းတယားယားဖြစ်ရသေးသည်။စိတ်ရှိတိုင်းသာဆို ကိုက်ဆွဲပစ်လိုက်ချင်သော်လည်း တရား၀င်လိုင်စင်မရသေး၍ ဆင်ခြင်ရပေဦးမည်။

C• U • R• EWhere stories live. Discover now