ချန်းယောလ်!
ချန်းယောလ်ကိုမြင်တော့ ထိစပ်ခဲ့တဲ့ နှုတ်ခမ်းတစ်စုံကိုပါ အလိုလိုတွဲပြီး သတိရလာတာမို့ မျက်နှာက ရှိန်းကနဲဖြစ်သွားသည်။ သို့သော် ဘတ်ဟျွန်းကျိုးကျွန်ပြုလိုက်သည်။ ဘာမှမဖြစ်ခဲ့လိုပေါ့..
အိမ်ပြန်ဖို့ ကားပါကင်မှာ ထိုးထားတဲ့ကားကို ကားသော့ဖွင့်ပြီးရုံရှိသေး ရှေ့ခန်းကမောင်းသူထိုင်ခုံဘေးပေါ် တက်ထိုင်လိုက်တဲ့ ချန်းယောလ်ကြောင့် ဘတ်ဟျွန်း ကားပေါ်တောင် ၀င်မထိုင်နိုင်သေးဘဲ ချန်းယောလ်ဘေးဘက်က ကားမှန်တံခါးကို ခေါက်လိုက်တော့ ချန်းယောလ်က ခပ်တည်တည်နဲ့ ကားမှန်တံခါးချလိုက်သည်။
ဘာကိုဆိုလိုမှန်း ခံစားလို့ရတဲ့ ပြုံးရိပ်သန်းနေတဲ့ မျက်၀န်းတွေနဲ့ ဆုံစည်းမိတော့ ထပ်ပြီး လျစ်လျူရှုလိုက်ရပြန်သည်။
"ချန်းယောလ် ဘာလုပ်တာလဲ?"
"ဘာလုပ်လို့လဲ?"
မသိချင်ယောင်ဆောင်ကာ ပြန်မေးတဲ့ ချန်းယောလ်"ဟာ..သူများကားပေါ်ကို ခွင့်မတောင်းဘဲ ပိုင်စိုးပိုင်နက် တက်ထိုင်နေတာလေ"
"ဟျွန်းနီးက ကိုယ့်ကို အိမ်ပြန်လမ်းကြုံလေးတောင် မခေါ်ချင်ဘူးလား.."
မျက်လုံးလေး ပေကလက် ပေကလက်နဲ့ ပတ်ချန်းယောလ်တို့ လုပ်လည်းလုပ်တတ်တယ်"ဟင်..အိမ်ပြန်လမ်းကြုံ? ချန်းယောလ်ကားကရော"
"ကိုယ့်ကားက မနက်က လာနေရင်း ပျက်သွားလို့ workshop မှာထားခဲ့တယ် နောက်နှစ်ရက်လောက်မှ ရမှာမို့လို့.."
အကောင်းအတိုင်းရှိနေတဲ့ ကားကို အိမ်မှာထားပြီး ဆေးရုံကို taxi နဲ့လာတဲ့အကြောင်းကိုတော့ ချန်းယောလ်သာလျှင်ပဲ သိပါလိမ့်မည်။
"ဒါပေမယ့် ချန်းယောလ်အိမ်ပြန်တဲ့လမ်းက ကျွန်တော်နဲ့ ဆန့်ကျင်ဘက်မဟုတ်ဘူးလား"
"အခုတူသွားပြီ"
"ဘယ်လိုဖြစ်လို့?"
"ကိုယ် တည့်လိုက်တာလေ"
"ဟင်"
"အဲ..မှားလို့ ကိုယ်အိမ်ပြောင်းလိုက်လို့လို့ပြောတာ"
![](https://img.wattpad.com/cover/243649873-288-k834543.jpg)
YOU ARE READING
C• U • R• E
FanfictionC U R E M Y H E A R T❤ ကျွန်တော်ရဲ့ချစ်ရပါသော ဒေါက်တာချန်း 저의 사랑하는 의사,찬