(Unicode)
"၀ါး..."
သန်းလိုက်လို့ ထွက်လာတဲ့ မျက်ရည်တွေကို လက်တစ်ဖက်နဲ့ ပွတ်သုတ်ရင်း နောက်လက်တစ်ဖက်နဲ့ နှိုးစက်ကို ပိတ်ဖို့ လှမ်းယူလိုက်သည်။မျက်လုံးကတော့ ဖွင့်တစ်၀က် ပိတ်တစ်၀က်..ဟင်..နှိုးစက်ကမြည်နေတာမှ မဟုတ်တာ..
မျက်လုံးတွေ မနည်းပွတ်သပ်ဖွင့်ပြီး နာရီကို ပြူးပြဲကြည့်မိသည်။6:00 ကိုညွှန်သော နာရီလက်တံနှစ်ချောင်းက ကျွန်တော့်ကို လိမ်ညာမှာလည်းမဟုတ်..
ဒါ ဘတ်ဟျွန်းရဲ့ ပုံမှန်အိပ်ရာထချိန်မဟုတ်သလို နှိုးစက်အကူအညီမပါပဲ ထနိုင်သည်လည်းမရှိ..
ညက စောစောအိပ်ပျော်သွားလို့များလား..
ပုံမှန်ဆို အိပ်ဆေးမကူရင် မိုးလင်းခါနီးမှ အိပ်ပျော်တတ်တာမျိုး...အခုတော့..သူ အနားမှာရှိနေရင်တော့ လုံခြုံသလို ခံစားရတယ်..သူရှိတယ်ဆိုတဲ့ အတွေးက အေးစက်နာကျင်ရတဲ့ အတိတ်ဒဏ်ရာတွေကနေ ခေတ္တထွက်ပြေးလွတ်မြောက်နိုင်ပြီး နွေးထွေးစွာ အိပ်စက်သည်အထိ စွမ်းနိုင်လေသလား...
ငါ မင်းကို တွယ်တာမိမှာ ကြောက်တယ် ချန်းယောလ်..ပြန်လည်း မအိပ်ချင်တော့တာနဲ့ အခန်းထဲက ထွက်လာလိုက်သည်။
အိမ်ရှေ့ခန်း ဆိုဖာပေါ် လှမ်းကြည့်လိုက်တော့ ရှိမနေ..ပြန်များသွားပြီလား?"ကောင်းကောင်း အိပ်ပျော်ရဲ့လား ဟျွန်းနီး?"
ဆုပ်ကိုင်ခြင်းခံလိုက်ရတဲ့ လက်ဖ၀ါးက နွေးခနဲ..လှည့်ကြည့်လိုက်တော့ အပြုံးတစ်ခုက စောင့်ကြိုနေသည်။အပြုံးပိုင်ရှင်က ဆွဲဆောင်ရပါစေ မရည်ရွယ်သော်ငြား ကိုယ်ကတော့ ၀င်သက်ထွက်သက်တို့ မှားကုန်သည်အထိ..ရင်ဘတ်တစ်ခုလုံးလည်း ပေါက်ကွဲထွက်တော့မလို..သူနဲ့ အနီးမှာ ကြာကြာဆက်နေဖို့ ကိုယ့်ဘာသာ မလုံတော့၍..
"အင်း..ဖယ်..မျက်နှာသွားသစ်မလို့"
လက်ကို မလွှတ်ပေးသေးတာကြောင့်
"ဘာလဲ.."
"ကိုယ် လိုက်ကူပေးရဦးမလားလို့..လိုရင်"
"သေလိုက်!!"
လက်ကို စောင့်ဖြုတ်ပြီး ထွက်လာခဲ့လိုက်သည်။
ဟုတ်တယ်..လူက ကိုယ့်ဘာသာတောင် အခြေနေမဟန်ပါဘူးဆို.
YOU ARE READING
C• U • R• E
FanfictionC U R E M Y H E A R T❤ ကျွန်တော်ရဲ့ချစ်ရပါသော ဒေါက်တာချန်း 저의 사랑하는 의사,찬