❄ 4

632 119 5
                                    

သူ့ရင်ဘတ်နားက အကျီစလေးကို ကိုင်ကာ သတိမရလာသေးတဲ့ ကောင်ငယ်လေးကို ချန်းယောလ်ဘယ်လိုထားပြီး သွားရပါ့မလဲ
လူနာကုတင်ပေါ်လက်ထောက်ကာ သူ့ခန္ဓာကိုယ်ကို ရှေ့ကို ကိုင်းထားရင်းသာ ကောင်ငယ်လေးကို ကြည့်နေလေသည်။

"Hyung.. ဘတ်ဟျွန်း သတိမရသေးဘူးလား"

ဟျွန်းနီးစမေ့လဲတုန်းက ဆယ်ဟွန်းဆီပဲ ပြေးခဲ့ရသည်။
ဆယ်ဟွန်းက  အားနည်းနေလို့ ဖြစ်တာလို့ပြောပြီး ဒီလိုမျိုး အရင်ကလည်း နှစ်ခေါက် သုံးခေါက် ဖြစ်ဖူးတယ်လို့ ပြောပြသည်။

ဒီကောင်လေးကို ပင်ပန်းနေတာမျိုး ထပ်ပြီး မရှိစေချင်တော့ဘူး...

ဆယ်ဟွန််းက ဆေးချိတ်ပေးခဲ့ပြီး အခု သူ round လှည့်ပြီးလို့ နောက်တစ်ခေါက်လာကြည့် ခြင်းပင်

"ဟုတ်တယ် ဆယ်ဟွန်းနား..
လေးနာရီလောက်တောင် ရှိနေပြီနော်"

ဆယ်ဟွန်းက ဆေးချိတ်ထားတာကို နည်းနည်း နှေးဖို့လုပ်နေရင်းက ချန်းယောလ်ကို ကြည့်ကာ ပြုံးသည်။
ထိုအပြုံးကို ချန်းယောလ် အဓိပ်ပါယျမဖှငျ့တတျပါ

"စိုးရိမ်စရာ မရှိပါဘူး hyung ရယ်
အားနည်းလို့ ဆေးချိတ်ပေးထားတာဆိုတော့ ဆေးရှိန်နဲ့ အိပ်နေတာ ပြီးတော့ ဘေးမှာ  hyung ရှိနေလို့ သူ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတာ"

"ဘာဆိုင်လို့?"

"လူတွေက သူတို့အတွက် နွေးထွေးလုံခြုံတဲ့ ရင်ခွင်မှာဆို စိတ်ချလက်ချ အနားယူတတ်ကြတယ်လေ..
အဲ့ဒါက သက်သေပဲပေါ့"

ဆိုရင်း ဆယ်ဟွန်းက ချန်းယောလ်အကျီစကို ဆုပ်ထားတာကို မျက်စပစ်ပြသည်။
ချန်းယောလ်လည်း ပြန်ငုံ့ကြည့်ရင်း ပီတိဆိုတဲ့ အပြုံးလေးနဲ့ ပြုံးနေမိတော့သည်။
သူက တကယ်ပဲ ဒီကောင်လေးအတွက် ခိုလုံရာရင်ခွင်ဖြစ်နေတာလား?

"အာ့ဆို hyung
ကျွန်တော်လုပ်စရာလေးတွေ သွားလုပ်လိုက်ဦးမယ်
hyung coffee သောက်မလား
ကျွန်တော် လာပို့ပေးမယ်လေ"

"ရတယ် ဆယ်ဟွန်း
Hyung မသောက်ချင်လို့"

ဒီအကဲပိုလွန်းတဲ့ hyung ကို ဆယ်ဟွန်း
ခေါင်းသာ ငြိမ့်ပြလိုက်တော့သည်။

C• U • R• EWhere stories live. Discover now