❄5

568 108 4
                                    

ရှေးရှုရာက ဘတ်ဟျွန်းအိမ်ဖြစ်ကာ ဆိုးလ်ကားလမ်းမတစ်ခုထက် မောင်းနှင်နေတဲ့ ကားတစ်စီး..

ကားကတော့ ဘတ်ဟျွန်းကား ဖြစ်ပြီး မောင်းတဲ့သူကတော့ ချန်းယောလ်ပင်..

"🎶🎵🎶..Let's take our time tonight. .girl(boy). ..

...Above us all the stars are watching

.....There's no place I'd rather be in this world. .🎶🎵🎶..."

ကားထဲတွင် 'versace on the floor ' သီချင်းသံ ပျံ့လွင့်လျက်..
သီချင်းစာသားထဲကလိုပင် ညကောင်းကင်ယံထက် ကြယ်လေးတွေ စုံညီစွာ လင်းလက်နေသည်။
အချစ်တေးသွားလေးတစ်ပုဒ်က အေးမြတဲ့ ညတစ်ခုမှာ နားထောင်တဲ့အခိုက် စာသားတစ်ကြောင်းစီတိုင်းက ရင်ထဲကို အပြည့်အဝ ဝင်ရောက်လာပြီး သီချင်းနဲ့အတူ စီးမျောနေမိသည်။

ကားမောင်းနေရင်း ဘတ်ဟျွန်းကို မသိမသာ ခိုးကြည့်နေတဲ့ ချန်းယောလ်..
ဒီတစ်ခါ ကြည့်မိတဲ့အခိုက်..
နေမကောင်းဖြစ်နေတာကြောင့် ဖြူဖြူရော့ရော့ ဖြစ်နေတဲ့ နှုတ်ခမ်းပါးလေးတစ်စုံက မသံမထွက်ဘဲ သီချင်းလိုက်ဆိုနေတာကိုရော..ပေါင်ပေါ်တင်ထားတဲ့ လက်ချောင်းလေးတွေက စည်းချက်လိုက်နေတာကိုရော မြင်လိုက်ရသည်နှင့်အတူ..
"ဒီလူသားလေးက သီချင်းတွေ နှစ်သက်တယ်" လို့ နှလုံးသားထဲမှာရော ဦးနှောက်မှာရော မှတ်ထားလိုက်တော့သည်။
သူ၏ နှုတ်ခမ်းထက်၌လည်း ဘတ်ဟျွန်းမမြင်တဲ့ အပြုံးတစ်ပွင့် ဖူးပွင့်သွားခဲ့လေသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"ချန်းယောလ်ရှီ ကော်ဖီသောက်လား.."

"အင်း "

"အာ့ဆို ခဏလေးနော်..ကျွန်တော်သွားဖျော်လိုက်ဦးမယ်.."

ဆိုကာ ကော်ဖီဖျော်ဖို့သွားတော့မယ့် ဘတ်ဟျွန်းကို ချန်းယောလ်က လက်ကောက်ဝတ်ကနေကိုင်ဆွဲခေါ်လိုက်ကာ ဆိုဖာမှာထိုင်စေသည်။
ဘတ်ဟျွန်းကလည်း ရုတ်တရက်ဆိုတော့
ဘာမှမပြောနိုင်ဘဲ ချန်းယောလ်ဆွဲခေါ်တဲ့အတိုင်း ကြောင်တောင်​တောင်လေးနဲ့ပင် ဆိုဖာပေါ်မှာ ထိုင်လိုက်ရသည်။
ပြီးတော့မှ ဘာလို့လဲဆိုတဲ့ သဘောနဲ့ မျက်လုံးလေးတွေ ဝိုင်းကာ မော့ကြည့်လိုက်တော့..

"နေမကောင်းတာကို ငြိမ်ငြိမ်နေ..
ကိုယ်သွားဖျော်လိုက်မယ်..အချိုလား..
အခါးလား.."

C• U • R• EWhere stories live. Discover now