❄6

568 105 13
                                    

🔔🔔
Alarm သံမြည်လာတာကြောင့် ဖွင့်ဖို့လေးလံနေသေးတဲ့ မျက်ခွံတွေကို ဘတ်ဟျွန်းမနည်းအားယူဖွင့်လိုက်ရသည်။
ခေါင်းရင်းက ဖုန်းကို ယူပြီး alarm ပိတ်ဖို့လုပ်သည်။

ဟင်....ဟုတ်သားပဲ ငါဒီနေ့ခွင့်ယူထားတာမလို့ ဖုန်းကို alarm မှ မပေးထားတာ..ဘယ်ကပါလိမ့်..

အိပ်ရာနိုးခါစမို့ ကောင်းကောင်းအလုပ်မလုပ်သေးတဲ့ ဦးနှောက်ကို အလုပ်ပေးလိုက်တော့..
ကြားနေရတာက အိမ်ရဲ့ ဘဲလ်သံ..

ဘယ်သူပါလိမ့်..ဆယ်ဟွန်းများလား..?

ဝါး...အိပ်လို့ကောင်းနေတာကို..

ရှုပ်ပွနေတဲ့ ဆံပင်တွေထဲ လက်ထိုးဖွလိုက်ရင်း..
မျက်လုံးနှစ်ဖက်ကိုလည်း တစ်ဝက်သာဖွင့်ကာ..တံခါးဖွင့်ရန်သွားသည်။

"ဆယ်ဟွန်း..ဘာလို့!!"

စောနက တစ်ဝက်သာရှိတဲ့ မျက်လုံးတွေက ခုတော့ လုံးလုံးလျားလျားကို ပြူးကျယ်သွားရသည်။

"ချန်းယောလ်.."

အိပ်မှုန်စုံဝါးနဲ့ ရှေ့က စုတ်ဖွားလေးကိုမြင်ရတော့ ချန်းယောလ် အသည်းတွေယားရပြန်သည်။

အမြဲသပ်ရပ်နေတတ်တဲ့ ဆံသားနုနုလေးတွေက ခုတော့ ထိုးထိုးထောင်ထောင်နဲ့ ရှုပ်ပွလို့..

တစ်ဝက်ကနေ ချက်ချင်းအပြည့်ဖြစ်သွားတဲ့ ​မျက်လုံးပြောင်းလဲမှုအဆင့်ဆင့်ကိုပါ အမိအရ မြင်လိုက်ရတဲ့ ချန်းယောလ်အဖို့ မပြုံးဖို့က ခက်ခဲသည်။ဒါကြောင့်...

ပြီတီတီဖြစ်သွားတဲ့ မျက်နှာပိုးကို သတ်လိုက်ပြီး..

"Morning ဟျွန်းနီး..အိပ်နေတုန်း နှောင့်ယှက်သလို ဖြစ်သွားလို့ sorry နော်.."

"ရပါတယ်..ဒါနဲ့ ချန်းယောလ်က ဘာလို့.."

"မနက်စာ ဘာမှမရှိဘူးမလား.."

"အွန်.."
ဘတ်ဟျွန်း အဖြေကိုတောင် ပြီးအောင်မစောင့်ဘဲ လက်နှစ်ဖက် အထုပ်အပြည့်နဲ့ ချန်းယောလ်က အိမ်ထဲဝင်သွားတော့သည်။

ဘတ်ဟျွန်းအပေါ်ကို ချန်းယောလ်က ဒီလို ပိုင်စိုးပိုင်နက် နိုင်လှပါသည်။

ဝယ်လာတဲ့ အသီးအရွက်တွေကို ဆေးနေတဲ့ ချန်းယောလ်ကို ဘတ်ဟျွန်း ထမင်းစားပွဲကနေ မေးထောက်ကာ ထိုင်ကြည့်နေမိသည်။

C• U • R• EWhere stories live. Discover now