Zawgyi
ဝမ်းနည်းခြင်း အခမ်းအနား .. ။
နတ်ဆိုးဝိညာဉ်တစ်ပိုင်းနဲ့ ကူးစူးလန်ဂိုဏ်းရဲ့စာသင်သားတွေကို ယစ်ကောင်အဖြစ်စတေးလို့ .. ဒီအခမ်းအနားကို အထမြောက်အောင်မြင်စေမတဲ့ .. ။ အဲ့ဒီ့ကျန်းသခင်က သိပ်လဲ ရက်စက်တတ်တာပဲ .. ။
ရှေးလူကြီးတွေပြောကြတာ ကြားဖူးတယ် .. ။
အစစအရာရာ ပြီးပြည့်စုံနေသူထက် .. ဘာပိုင်ဆိုင်မှု ဘာဆုံးရှုံးစရာမှ မရှိတဲ့သူတွေက ပိုကြောက်ဖို့ကောင်းတယ်တဲ့ .. ။
ဒါဆို အစစအရာရာ အဘက်ဘက်က ပြီးပြည့်စုံနေပါရဲ့ .. အကုန်လုံးကို မျက်ကွယ်ပြုလက်လွှတ်ထားတဲ့ ကျန်းသခင်ကရော .. ။ ကိုယ့်ကိုယ်ကိုအပါအဝင် ဘာကိုမဆို စတေးပစ်ဖို့တွန့်ဆုတ်မနေကြောင်း .. သက်သေပြဖို့များ ကြိုးစားနေသလားပဲ .. ။
ဝမ်းနည်းခြင်း အခမ်းအနား .. တဲ့ ။
ဝမ်းနည်းခြင်း အခမ်းအနား .. တဲ့လေ .. ။
စတေးခံတွေများသလို ကိုယ်တိုင်ကိုယ်ကျလဲ ယစ်ကောင်အဖြစ် ပါဝင်ဆောင်ရွက်ရမယ့် အဲ့ဒီ့အခမ်းအနားကို ကျင်းပပြုလုပ်ဖို့ .. မျက်တောင်တစ်ချက်မခတ်တမ်း ဆုံးဖြတ်နိုင်ခဲ့ပါသတဲ့ .. ။
သူ့လိုနုံဖျင်းတဲ့လူငယ်လေးက .. ကြီးမြတ်လွန်းသူရဲ့ အတွေးစိတ်ကူးတွေအပေါ် လိုက်လို့လဲ မမှီနိုင်တော့ပါဘူး .. ။
_______________________________
“ ကူးစူးလန်ရဲ့ ဂိုဏ်းချုပ်ပီသပါလို့ပဲ မှာချင်တယ် ..
ရှီးချန် .. ငါတို့ ကူးစူးလန်ကို ကယ်တင်ရမယ်လေ .. ”
“ . . . ”
လန်ချီးရန်လူကြီးမင်းရဲ့ လေသံအေးအေးက သူ့နှလုံးသားထက် ပါးပါးလှီးဖြတ်လိုက်သလိုပဲ .. ။
လှမ်းလက်စခြေလှမ်းတွေက လန်သခင်လေး ၁ ထံ ဦးတည်မယ့်အစား .. နောက်ကြောင်းဆီ ပြန်လှည့်တယ် .. ။ သူ့အတွက်ကြောင့်.. ဆရာဖြစ်သူနဲ့ အချေအတင်ဖြစ်နေတဲ့ပုံစံကို မမြင်တွေ့လိုတာကြောင့်ပါပဲ .. ။
YOU ARE READING
ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」
Fanfictionထာဝရဆိုတာ ဘယ်လောက်ရှည်ကြာသလဲ .. ? ကိုယ်ရဲ့ အဆုံးမဲ့တဲ့ ချစ်ခြင်းတွေကတော့ အဆုံးအစမသိတဲ့ ထာဝရထက်ပိုနေမှာ သေချာတယ် .. ကိုယ်ဟာလေ .. မင်းကို .. ထာဝရထက်ပိုပြီး .. ထာဝရဆိုတာထက်ကို ပိုပြီး ... Start : 22/11/19 End : 26/04/21
