Part [4] ဟန်ဆောင်ကောင်းသူ [ Zawgyi + Unicode ]

4.2K 380 0
                                        

" မဟုတ်သေးဘူး ပါပါး .. ဒါလုံးဝ နည်းလမ်းမကျဘူး .. ဘယ်လိုမှ မဖြစ်သင့်တဲ့ကိစ္စ .. "

" ..... "

သူကသာ ရှူးရှူးရှားရှားတွေဖြစ်နေပေမယ့် ပါပါးကတော့ လုံးဝအေးဆေးပဲ .. ၊၊

လက်နှစ်ဖက်ကို နောက်ပစ် .. မှန်နံရံတွေကိုဖြတ်ကျော်ပြီး ကားလမ်းပေါ်က ဥဒဟို ဖြတ်သန်းသွားနေတဲ့ အရောင်အသွေးစုံကားတွေကို ညရှုခင်းအနေနဲ့ ငေးကြည့်နေတယ် .. ၊၊

လမ်းမီးထိန်ထိန်အောက်က ကားပေါင်းမြောက်မြားစွာကို သူပါ အဓိပ္ပာယ်မဲ့ လိုက်ငေးကြည့်ပြီးမှ ..

" ဖြေရှင်းချက် တစ်ခုခုတော့ ပေးသင့်တယ်မထင်ဘူးလား .. ဒါမှမဟုတ် .. ကျွန်တော့်ပါပါးက ဒီလိုလူမျိုးဆိုတာ လက်ခံခိုင်းနေတာလား .. "

" ဖြေရှင်းစရာ ဘာအကြောင်းမှ မရှိဘူး Zhuocheng .. "

" ပါပါး .. "

" မင်းအဖေ ငါက .. မင်းပြောတဲ့ အဲ့ဒီ့လိုလူမျိုးပဲ .. အတ္တကြီးတယ် .. မာယာများတယ် .. ပြီးတော့ သိပ်ကြောက်ဖို့ကောင်းတယ် ..  "

" သိပ်လဲ အန္တရာယ်များတယ် .. "

" မင်းသိနေပြီးသားပဲ .. "

သူ .. စကားဝင်ထောက်လိုက်တော့ ပါပါးက အသိအမှတ်ပြုသလို ပုခုံးတွန့်ပြတယ် .. ၊၊

မင်းသိနေပြီးသားပဲ တဲ့ .. ၊၊

ဟုတ်တယ် .. ကျွန်တော်သိတယ် .. ၊၊
အခုမှ မဟုတ်ဘူး .. ဟိုးအရင်ကတည်းက .. ၊၊
ဒါမဲ့ လက်မခံနိုင်ဘူး .. ၊၊
အဲ့ဒါလဲ အခုမှမဟုတ်တဲ့ ဟိုးအရင်ကတည်းက .. ၊၊

" ကျွန်တော် လက်မခံနိုင်ဘူး .. "

" မင်း လက်ခံမှရမယ် .. "

" ဘာလို့လဲ .. ဘာလို့လဲ ပါပါး ..
Xiao Zhan လဲ ပါပါးရဲ့ သားပဲကို .. ဘာလို့ ဒီလောက်တောင် ရက်စက်ချင်နေရတာလဲ .. "

" အဟတ် .. ဟားဟား .. ဟား ... "

ခြောက်ကပ်ကပ်ရယ်သံနဲ့အတူ သူ့ဘက်လှည့်လာတဲ့ ပါပါးရဲ့မျက်နှာက တကယ့်ကို မသတီစရာကောင်းတယ် .. ၊၊

ဆောရီး .. ကိုယ့်အဖေကိုယ် ဒီလိုမပြောသင့်ဘူး .. ၊၊

ဒါမဲ့ အဲ့ဒီ့ပုံစံကို သူ တကယ်ရွံမုန်းတယ် .. ၊၊

ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」Where stories live. Discover now