Part [2] Dreams [ Zawgyi + Unicode ]

7.4K 493 3
                                        


" Yibo .. မင်းမျက်နှာလဲ မင်းပြန်ကြည့်ဦး ... အမေဇုန်တောထဲက ပန်ဒါမေမေကြီးကျနေတာပဲ .. ခွိခွိ .. "

Yu Bin က ထုံးစံအတိုင်း .. သူ့ရဲ့ ချောင်ကျနေတဲ့ မျက်ကွင်းတွေကို လက်ညှိုးထိုးပြီး .. ဟာသမဟုတ်တာကို ဟာသလုပ် သဘောကျနေသလို ..

Yibo ကလဲ ထုံးစံမပျက် စကားမပြန်ပဲ ရေခဲရိုက်အကြည့်သာ ပို့လွှတ်ပေးလိုက်သည် ၊၊

သူ့ကို မိတ်ကပ်ပြင်ပေးနေတဲ့ ဝန်ထမ်းအစ်မကတော့ Yu Bin ကို ဘယ်လိုပါလိမ့်ဆိုတဲ့ ပုံစံမျိုးနဲ့ မျက်လုံးလှန်ကြည့်သည် ၊၊

" မင်းပြော ..
မနေ့ညက တစ်ညလုံး ဇာတ်ညွှန်းတွေ ထိုင်ကျတ်နေတာဟုတ် .. "

" ..... "

" စိတ်တောင်မကောင်းဘူး .. အဲ .. ဒါမဲ့လဲ ဘယ်တက်နိုင်မလဲကွာ .. ငါ့လောက်မှ ဉာဏ်မကောင်းပဲကို .. ဖြစ်နိုင်ရင် ငါ့ဦးနှောက်တစ်ဝက်လောက် မင်းကို ခွဲပေးချင် .. "

" ဘုတ် .. အ ... "

" ဘယ်သူလဲကွ .. "

ဘုတ်ခနဲ ခေါင်းကို အရိုက်ခံလိုက်ရခြင်းနဲ့အတူ စကားစပြတ်သွားပြီး .. ချက်ချင်းပဲ နောက်လှည့်ပြီး ရန်စွာလိုက်သည် ၊၊

" အရည်မရ အဖက်မရ ပြောနေတာတွေရပ်ပြီး ရိုက်ကွင်းဆီသွားတော့ .. ဒါရိုက်တာကြီးတို့ မင်းကို ရှာနေတယ် .. "

" ဒါရိုက်တာကြီးက .. ကျွန်တော့်ကို .. ဘာလို့ပါလိမ့် .. ဘာလို့ရှာနေတာတဲ့လဲ Kuan Ge .. "

" မင်း scene ရောက်ပြီလေကွာ ..
Hao Xuan တောင် ရောက်နေတာ ကြာလှပြီ .. "

" ahh .. ဒါဆိုရင်တော့ မြန်မြန်သွားမှပဲ ... စိတ်မကောင်းဘူး Yu Bin GeGe ရေ .. မင်းတော့ ရေခဲမျက်လုံးသိုင်းနဲ့တင်မကဘူး .. ဖိုးကြီးအို ပွစိပွစိသိုင်းနဲ့ပါ အချခံနေရပြီ .. အခုလဲ Hao Xuan ရဲ့ မီးမျက်လုံးသိုင်းနဲ့ မိတ်ဆက်ရပြန်ဦးမယ် ... "

" မင်းဟာလေ ... "

သူ့ကိုပါ အနှောင့်အသွားမလွတ်ဆိုပြီး ထထွက်သွားတဲ့ Yu Bin ကို ကြည့်ပြီး ခေါင်းခါနေတဲ့ Kuan Ge ကို ..

" ထားလိုက် Kuan Ge .. အမြဲအဲ့အတိုင်းပဲကို .. "

" မထားလို့မှမရ .. ဒါထက် .. Yibo မင်းမျက်ကွင်းတွေ သိသိသာသာ ကျလို့ပါ့လား .. မနေ့က ညနက်ထိ ဂိမ်းမဆော့ဖို့ မှာလိုက်ရဲ့နဲ့ စကားနားမထောင်ပြန်ဘူး .. "

ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」Où les histoires vivent. Découvrez maintenant