Part [39] ကာကွယ်ပေးမယ့်သူ
" Xiao Zhan .. မင်းတကယ်ပဲ ဒီလိုလုပ်နေဦးမယ်ဆိုရင် ခွေးကျွေးပစ်တော့မှာနော် .. "
" 。。。"
နှုတ်ဆိတ်နေသူကြောင့် စိတ်ပေါက်ပေါက်နဲ့ .. အခန်းတံခါးဝမှာ ရပ်နေတဲ့ အစောင့်နှစ်ယောက်ကို အမိန့်ပေးလိုက်တယ် .. ၊၊
" ဂျိုး နဲ့ ဘလက်ခ် ကို လွှတ်လိုက်တော့ .. "
" ဟင်း .. Da Cheng .. "
သက်ပြင်းရှိုက်ရင်း တိုးတိုးလေးဆိုလာသူကြောင့် သူပါ ရောယောင်သက်ပြင်းချပြီး Xiao Zhan လှဲနေတဲ့ ကုတင်စွန်းမှာ ဝင်ထိုင်လိုက်တယ် .. ၊၊
" ဘယ်အချိန်အထိ ဒီလိုလုပ်နေဦးမှာလဲ .. ထ ခုထ .. "
" ဘလက်ခ်တို့က တကယ်ပဲ သေအောင်ကိုက်ဆွဲကြမှာ သေချာလား .. "
" 。。。"
" သေချာရင် မြန်မြန်သာလွှတ်ပေးလိုက်တော့ .. "
" ရူးနေလား Xiao Zhan .. မင်းရူးနေလား .. "
" မရူးသေးလို့ပေါ့ Da Cheng .. ငါ တကယ်ကြီး ရူးချင်နေလို့ပေါ့ .. "
" ခွေးစကား မပြောနဲ့ .. "
" ငါ အသက်မရှင်ချင်တော့ဘူး .. ငါတကယ် သေချင်နေပြီ .. "
"" Xiao Zhan .. ""
" ဘလက်ခ်တို့ကို မြန်မြန်လွှတ်ပေးပြီး ငါ့ကို ခွေးစာကျွေးလိုက်တော့ .. "
" 。。。"
တဖက်စောင်းပြီး ကွေးကွေးလေးလှဲနေတဲ့ ကုတင်ထက်က အနီရောင်ပိုးတုံးလုံးကောင်ကို ဘာစကားမှ ဆက်မပြောဖြစ်တော့ .. ၊၊
Xiao Zhan .. အခုလိုလုပ်နေတာ ဒီနေ့နဲ့ဆို လေးရက်ရှိပြီ .. ၊၊
ခွေးပေါက်စလေး ပေတေနေတာ Chongqing ရောက်ကတည်းကပဲ ဆိုပါတော့ .. ၊၊
အသန့်ကြိုက်တဲ့သူက Beijing က အပြန်မှာ ဝတ်လာတဲ့ ပုံမကျပန်းမကျ ဆွယ်တာနီနီကြီးကို ဝတ်လို့ .. အိမ်တွင်းစီးဖိနပ်ဟောင်းတစ်ဖက်ကို ကလေးများ အရုပ်မက်သလို ဖက်တွယ်လို့ .. မျက်ရည်တွေ နှာရည်တွေကို ဆွယ်တာအင်္ကျီလက်နဲ့ တရှုံ့ရှုံ့သုတ်လို့ .. အခုလိုမျိုး အိပ်ရာထဲကမထွက်တာ တကယ်ပဲ လေးရက်တိတိရှိနေပြီ .. ၊၊
VOUS LISEZ
ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」
Fanfictionထာဝရဆိုတာ ဘယ်လောက်ရှည်ကြာသလဲ .. ? ကိုယ်ရဲ့ အဆုံးမဲ့တဲ့ ချစ်ခြင်းတွေကတော့ အဆုံးအစမသိတဲ့ ထာဝရထက်ပိုနေမှာ သေချာတယ် .. ကိုယ်ဟာလေ .. မင်းကို .. ထာဝရထက်ပိုပြီး .. ထာဝရဆိုတာထက်ကို ပိုပြီး ... Start : 22/11/19 End : 26/04/21
