Part [110] ငါတို့ ဟိုးအရင်​တုန်းကလိုပဲ .. 「 ငါတို့ ဟိုးအရင်တုန်းကလိုပဲ .. 」

472 61 24
                                        


Zawgyi













“ မင်းက​လေ တကယ်​ .. တကယ့်​ကို ​ခွေးဆိုး​လေးပဲ .. ”

“ . . . ”

“ . . . ”




ကျိုးချန်​ရဲ့ ခပ်​တိုးတိုး​ရေရွတ်​သံကလွဲရင်​ အခန်းတွင်းအ​ခြေအ​နေဟာ ဆိတ်​ငြိမ်​တယ်​ .. ။ သူတို့အကုန်​လုံးဟာလဲ ​ပြောစရာစကား​တွေ မရှိ​တော့သလိုမျိုး .. ချက်​ချင်းကြီး ဆွံအကုန်​ကြလို့ .. ။

လုဟိုက်​ခွမ်းက​တော့ ဒူးနှစ်​ဖက်​ထက်​မှာ တံ​တောင်​​ဆစ်ကိုေ​ထာက်​ .. ကျယ်​ပြန့်​ပြန့်​လက်​ဖဝါး​တွေထဲ မျက်​နှာတိုးဝှက်​လို့ သက်​ပြင်းရှည်​ကြီးရှိုက်​တယ်​ .. ။ ဇာတ်​​ကြောင်း​ပြောသူ ကျူးစန့်​ကျင်​က​တော့ အပြုံးချို​တွေဆင်​မြန်းထားရင်း .. ဘာအာဃာတမှလဲ မရှိဟန်​နဲ့ .. ။




“ ဒီအ​ခြေအ​နေကြီးက ​နေရခက်​လိုက်​တာ ..
ကျွန်​​တော်​​တော့ ဒီအ​ကြောင်း​တွေ ​ပြောပြမိတာမှားပြီထင်​တယ်​ .. ”

“ .. ရူး​နေလား ”




စကားဝိုင်းထဲဝင်​မပါတဲ့ ယွီပင်းက​တောင်​ သ​ဘောမ​တွေ့သလို ဆိုလာတယ်​ .. ။

တကယ်​လဲ သ​ဘောမ​တွေ့ချင်​စရာပါပဲ .. ။
အထင်လွဲမှားမှု​တွေနဲ့ .. သူတို့အကုန်​လုံး ဒီအ​တောအတွင်း ဘယ်​​လောက်​​တောင်​ ပင်​ပန်းခဲ့ရတာမို့လဲ .. ။

တစ်​စုံတစ်​​ယောက်​ကို မုန်းရတာ ပင်​ပန်းတယ်​ .. ။
တစ်​စုံတစ်​​ယောက်​ရဲ့အမုန်းကို ခံ​နေရတာလဲ ပင်​ပန်းတယ်​ .. ။

နဂိုခက်​ခဲပင်​ပန်း​နေပြီးသားဘဝကြီးထဲ .. တစ်​​ယောက်အေ​ပ်ါတစ်ေ​ယာက် ​အမုန်းအာဃာတ​တွေ သယ်​ပိုးထားရင်း .. ပြန်​မရနိုင်​​တော့တဲ့ အချိန်​​တွေဟာ အလဟာဿနဲ့ .. ။

ဝမ်းနည်းရိပ်​စွတ်​တဲ့​ဒေါသစကားမို့ စန့်​ကျင်​က လျစ်​လျူရှုတယ်​ .. ။ ​နောက်​ .. ​ပြောလက်​စစကားကို ဆက်​ပါတယ်​ .. ။




“ တကယ်​တမ်းရည်​ရွယ်​ချက်​က ဝမ်​ချောင့်​ရဲ့​မှော်​နက်​ဝိညာဉ်​အ​ကြောင်း ​ကောင်း​ကောင်းသိ​စေချင်​လို့ .. သူက ကျွန်ေ​တ်ာတို့နဲ့အတူ ​အခုအချိန်​မှ ပြန်​နိုးထလာတာမျိုးမဟုတ်​ဘဲ ဟိုးအတိတ်​မှာကတည်းက ရှိ​နေပြီးသား .. ဆို​တော့ အခုအချိန်​မှာ ဘယ်​​လောက်​​တောင်​ အင်​အားကြီး​နေပြီလဲ မသိနိုင်​ဘူး .. ကျွန်​​တော်​တို့ ပြန်​ပြီးမဝင်​စားရ​သေးခင်​အချိန်​မှာတင်​ပဲ .. ဦးတည်ရာမဲ့ ​လွင့်ချင်ရာလွင့်ေ​​​နတဲ့ ပုံသဏ္ဍာန်​မဲ့ အညှိုးအာဃာတအစုအ​ဝေးကြီးက​နေ ဝမ်​​ချောင့်​ကိုယ်ထည်​​အဖြစ်​ စုစည်းဖန်​တီးနိုင်​ပြီး​နေပြီ .. ကျွန်ေ​တ်ာတို့ ​အတိတ်​ဘဝရဲ့မှတ်​ဉာဏ်​​တွေ အပြည့်​အဝပြန်​မရနိုင်​​သေးခင်​မှာပဲ .. ဝမ်​​ချောင့်​ရဲ့အသိစိတ်​မှတ်​ဉာဏ်​နဲ့ အဲ့ဒီ့ကိုယ်​ထည်​ကြီးက အသားကျပြီးသွားပြီ .. ​ပြောရရင်​ အဲ့ဒီ့သတ္တဝါက ကျွန်​​တော်​တို့ထက်​ အမြဲတမ်း​ခြေတလှမ်းသာ​နေပြီးသား .. ဒါမဲ့ ဘာဖြစ်​လို့ ​အ​စောကြီးကတည်းက အန္တရာယ်​မ​ပေးခဲ့တာလဲ .. ဘယ်​သူ တစ်​ဦးတစ်​​ယောက်​​ကိုမှ​လေ .. ”

ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」Место, где живут истории. Откройте их для себя