Zawgyi
ကိုယ့်သခင်ရဲ့အသက်အန္တရာယ်ကို ကာကွယ်မပေးနိုင်တဲ့အတွက် ကိုယ့်ကိုယ်ကို အပြစ်စီရင်တဲ့အနေနဲ့ လောင်ကျွမ်းပြာကျစေပြီး သေခြင်းမဲ့ဘဝကို အဆုံးသတ်စေခဲ့ .. ။
ဘယ်လောက်တောင် ရင်ထဲထိလိုက်တဲ့ ဇာတ်လမ်းလေးလဲ .. ။ အရမ်းကို သမားရိုးကျဆန်လွန်းသလို .. တစ်ဖက်မှာလဲ ခံစားလွယ်သူတို့အဖို့ မျက်ရည်တောင် ပိုးပိုးပေါက်ပေါက်ကျလောက်ရဲ့ .. ။
ဆိုပေမယ့် .. ဒီဇာတ်လမ်းလေးရဲ့ ဟာကွက်ပေါင်းမြောက်မြားစွာကို ရှင်းရှင်းလင်းလင်း တွေ့မြင်သူတစ်ယောက်လဲရှိနေခဲ့ .. ။
မုချမလွဲ ကျန်းသခင်အဖြစ်လဲ ဝမ်ကျိုးချန်ပါပဲ .. ။
_______________________________
“ ဝေ့သခင်လေးက မသိစေချင်ခဲ့ဘူး .. ကျန်းသခင်အပါအဝင် ဘယ်သူ့ကိုမှ .. ပြီးတော့ မမဝိမ်းချင်ကလဲ မလွှဲသာတော့လို့သာ ရွေးချယ်ခဲ့ရတာ .. ဘယ်လိုပဲနေနေ ဝေ့သခင်လေးအတွက်လဲ အသုံးဝင်တော့မှာမှ မဟုတ်တာပဲ .. . ”
“ . . . ”
လူသုံးယောက်ရှိနေတဲ့ဧည့်ခန်းကျယ်ထဲ ယွီပင်းရဲ့လေသံက တိုးလျလျရယ် .. ။ အပ်ကျသံတောင် ကြားနိုင်လောက်အောင် ဆိတ်ငြိမ်နေခဲ့လို့လဲဖြစ်မယ် .. ။ တိုးလျလျစကားသံဟာ နှလုံးသားထဲထိ ပဲ့တင်မြည်ဟည်းရဲ့ .. ။
အတိတ်ဇာတ်လမ်းလေးရဲ့ ဘယ်သူမှမသိအောင် သိုဝှက်ထားခြင်းခံရတဲ့ တစ်စိတ်တစ်ဒေသဟာ ဤသို့ဖြစ်နေခဲ့ပါတယ် .. ။
အဲ့ဒီ့ညက ဝေ့ဝူရှန့်ဟာ .. ဝမ်ဂိုဏ်းရဲ့အဆုံးသတ်ကို ဖန်တီးပေးပြီးနောက် ကူးစူးလန်ကို ပြန်ရောက်လာခဲ့တယ် .. ။ သိပ်လဲအားနည်းနေခဲ့ပြီဖြစ်တဲ့တိုင် ရည်ရွယ်ရင်းတွေကတော့ခိုင်မာစွာနဲ့ .. ။
ESTÁS LEYENDO
ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」
Fanfictionထာဝရဆိုတာ ဘယ်လောက်ရှည်ကြာသလဲ .. ? ကိုယ်ရဲ့ အဆုံးမဲ့တဲ့ ချစ်ခြင်းတွေကတော့ အဆုံးအစမသိတဲ့ ထာဝရထက်ပိုနေမှာ သေချာတယ် .. ကိုယ်ဟာလေ .. မင်းကို .. ထာဝရထက်ပိုပြီး .. ထာဝရဆိုတာထက်ကို ပိုပြီး ... Start : 22/11/19 End : 26/04/21
