Part [40] ကျေးဇူးပြုပြီး ငါ့ကိုမေ့ပါ
စိတ်ပျက်စရာအခြေအနေကြီးထဲမှာ ပထမဆုံးအသိဝင်လာသူက ယုန်ပေါက်စငယ် .. ၊၊
" Hai Kuan ကို ဖုန်းခေါ်ရမယ် .. ဖုန်း .. Yibo ရဲ့ ဖုန်း .. "
Yibo လဲကျနေတဲ့ အနီးတဝိုက်မှာပဲ ရှိနေတဲ့ ဖုန်းလေးကို ကောက်ယူပြီး .. Hai Kuan ဆီ ဖုန်းဆက်ရတယ် .. ၊၊
" Yibo .. အပျော်လွန်နေတာနဲ့ အခုမှ ဖုန်းဆက်တယ်ပေါ့လေ .. ဟုတ်လား .. "
" Hai Kuan .. Yibo အခြေအနေ မကောင်းဘူး .. ဆရာဝန်ခေါ်ပြီးမြန်မြန် .. ဒါမှမဟုတ် ဆေးရုံကားခေါ်ပြီး .. Yibo ကို .. "
" Xiao Zhan လား ..
အခု ဘယ်ကဆက်နေတာလဲ .. Yibo ဘာဖြစ်လို့လဲ .. ရန်ဖြစ်ကြပြန်ပြီလား .. "
" မဟုတ်ဘူး မဟုတ်ဘူး .. ဆရာဝန်ခေါ်ပြီးသာ မြန်မြန်လာခဲ့ပါဗျာ .. Yibo ခေါ်လို့ မရတော့ဘူး .. ကျေးဇူးပြုပြီး မြန်မြန်သာလာခဲ့ပေးပါ .. ကျေးဇူးပြုပြီး "
" အာ .. အဲ့ဒါကြောင့် ဘယ်မှာလဲဆိုနေ .. "
" အိမ်မှာ အိမ်မှာ .. Yibo ရဲ့ တိုက်ခန်းမှာ .. "
ဖုန်းဝင်သွားတာနဲ့ ပြောချင်တာစွတ်ပြောနေတဲ့ Hai Kuan ကို .. အထူးတလည်ကြီး ရှင်းပြမနေအားပဲ အဓိကအကြောင်းအရာရောက်အောင် လိုရင်းတိုရှင်း ပြောရတယ် .. ၊၊
အင်း .. သေချာပေါက် ငိုသံပါကြီးနဲ့ပေါ့ .. ၊၊
" Yibo သတိထားပါဦး .. ငါရောက်လာပြီလေ .. Yibo .. Yibo .. တောင်းပန်ပါတယ် .. ငါ .. ငါ့ကြောင့် .. "
" Xiao Zhan .. စိတ်လျှော့စမ်း .. "
" Da Cheng .. သူ .. သူ .. ငါ့ကြောင့် ဒီလိုတွေ ဖြစ်ရတာ .. "
Da Cheng ကတော့ ငိုနေတဲ့ Xiao Zhan ကိုပဲ ချော့ရမလား .. လဲကျနေတဲ့ Yibo ကိုပဲ ကျောပိုးပြီး ဆေးရုံပြေးရမလား ဝေခွဲမရစွာ ခေါင်းရှုပ်နေတော့တာပါပဲ
" ဘယ်လိုဖြစ်ကြတာလဲ .. ဆရာ ဒီဘက်မှာ .. "
ဒေါက်တာပင့်လာပေးတဲ့ Hai Kuan က .. ဒီလောက်ပဲ မေးပေမယ်လို့ သူ့အကြည့်တွေထဲမှာတော့ .. ˆမင်းကြောင့်မလားˆ ဆိုတဲ့ စွပ်စွဲချက်တွေအပြည့်နဲ့ .. ၊၊
" မဖြစ်ဘူး .. ဆေးရုံပို့မှရမယ် .. "
ဒေါက်တာရဲ့စကားအဆုံးမှာ Yibo ကို ဆေးရုံပို့ဖို့ ပြင်ကြတယ် .. ၊၊
YOU ARE READING
ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」
Fanfictionထာဝရဆိုတာ ဘယ်လောက်ရှည်ကြာသလဲ .. ? ကိုယ်ရဲ့ အဆုံးမဲ့တဲ့ ချစ်ခြင်းတွေကတော့ အဆုံးအစမသိတဲ့ ထာဝရထက်ပိုနေမှာ သေချာတယ် .. ကိုယ်ဟာလေ .. မင်းကို .. ထာဝရထက်ပိုပြီး .. ထာဝရဆိုတာထက်ကို ပိုပြီး ... Start : 22/11/19 End : 26/04/21
