မမလေးက အညှိုးကြီးလိုက်တာ တဲ့ .. ၊၊
သူမကတော့ ပြုံးတယ် .. မဲ့ပြုံး .. ၊၊
အညှိုးကြီးတာဆိုရင်တောင် ..
မမလေး ခံစားခဲ့ရတဲ့ နာကျင်မှုတွေအတွက် ပြန်ပေးဆပ်သင့်တဲ့ တန်ကြေးလို့ပဲ သူမကတော့ ခံယူတယ် .. ၊၊
အိမ်တော်ထိန်းတာဝန်ခံသူမဟာ အသက်မဲ့နေတဲ့ သခင်မလေးရဲ့ မျက်နှာထက်ကအပြုံးကို ဒီကာလတွေတစ်လျှောက်လုံး ဘယ်တုန်းကမှ မေ့မရခဲ့ဘူး ၊၊
ထို့အတူ ..
လွန်လေပြီးသော အဖြစ်အပျက်တချို့ကိုရောပဲ .. ၊၊
。。。 F O R E V E R M O R E 。。。
မမလေး အိမ်တော်ကထွက်ပြေးသွားပြီး တစ်နှစ်ပြည့်လုပြည့်ခင်အချိန်မှာပဲ ..
သူဌေးလေးရဲ့ များစွာသော တပည့်တွေထဲက တစ်ယောက်က မမလေးကို ဆွဲခေါ်လာနိုင်ခဲ့တယ် .. ၊၊
" ဒီမြို့မှာပဲ ရှိနေခဲ့တာဖြစ်မယ် ဘော့စ် .. လေလွင့်သူအများစု ရှိတတ်တဲ့ ..
မြို့ပြင် ဘူတာရုံဟောင်းနားက ခေါ်လာခဲ့တာ .. "
စုတ်ပြတ်ပေရေနေတဲ့ အဝတ်အစားတွေနဲ့ မမလေးဟာ သိသိသာသာပဲ ပိန်လှီဖျော့တော့လို့ .. ၊၊
ဖြူရော်နေတဲ့ အသားအရေဟာ သွေးလုံးဝမလျှောက်တော့တဲ့အလား .. ၊၊ ကပိုကရိုဆိုတာထက်ပိုပြီး ပုံမကျပန်းမကျဖြစ်နေတဲ့ ဆံနွယ်တွေက မမလေးရဲ့ မျက်နှာသေးသေးလေးထက် ကျူးကျော်သက်ဆင်းနေတယ် ၊၊
မှေးကျဉ်းထားတဲ့မျက်ဝန်းအစုံကတစ်ဆင့် ခံစားချက်မဲ့နေတဲ့ နှလုံးသားကို လှမ်းမြင်နိုင်တယ်ဆိုရင် သူမပိုပြောနေတာမဟုတ်ဘူး .. ၊၊
ပိရိသေသပ်နေတဲ့ နှုတ်ခမ်းပါးတွေက တင်းတင်းစေ့ထားလျက်ကနေပဲ ပြုံးယောင်သမ်းနေသလိုလို .. ၊၊
ပြီးတော့ ..
ပိန်ပါးပါးခန္ဓာကိုယ်ရဲ့ အလယ်အရပ်မှာ သိပ်ကိုသိသိသာသာစူထွက်နေတဲ့ ဗိုက်ပူပူလေးလဲ ရှိနေတယ် .. ၊၊
" ဒါက ဘာလဲ .. ဘယ်သူနဲ့ .. ဘယ်သူနဲ့ .. ဟာကွာ .. တောက် .. ဒါက ဘယ်ခွေးမသားနဲ့ ရခဲ့တာလဲ .. ဟမ် .. "
" ငါ့ချစ်သူနဲ့ .. "
လူတစ်ရပ်စာလောက်ရှိတဲ့ လေလံရ ရှေးဟောင်းပန်းအိုးကြီးနဲ့ ကွယ်ပြီး အခြေအနေကို တိတ်တိတ်လေးနားစွင့်နေတဲ့ သူမတောင် အံ့ဩသွားတယ် ၊၊
ESTÁS LEYENDO
ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」
Fanfictionထာဝရဆိုတာ ဘယ်လောက်ရှည်ကြာသလဲ .. ? ကိုယ်ရဲ့ အဆုံးမဲ့တဲ့ ချစ်ခြင်းတွေကတော့ အဆုံးအစမသိတဲ့ ထာဝရထက်ပိုနေမှာ သေချာတယ် .. ကိုယ်ဟာလေ .. မင်းကို .. ထာဝရထက်ပိုပြီး .. ထာဝရဆိုတာထက်ကို ပိုပြီး ... Start : 22/11/19 End : 26/04/21
