Part [38] ကာကွယ်ပေးပါ့မယ် [ Zawgyi + Unicode ]

2.1K 173 26
                                        

Part [38]  ကာကွယ်ပေးပါ့မယ်  [ Zawgyi + Unicode ]

ဘေးနားမှာ တွေတွေလေး ထိုင်လိုက်လာတဲ့ Xiao Zhan ကို ကြည့်ရင်း သက်ပြင်းသာ ချမိရတယ် .. ၊၊

အနီရောင်ဆွယ်တာပွပွကြီးကို ဖြစ်သလို ကောက်စွပ်ထားပြီး ချည်သားဘောင်းဘီတိုလေးနဲ့ Xiao Zhan က ဘယ်လိုမှ ကြည့်ရတာ အဆင်ပြေမနေဘူး ၊၊

မနက်က အတင်းဆွဲခေါ်ခဲ့တုန်းက ငိုယိုပြီး ရုန်းကန်နေတဲ့ ပုံရိပ်တွေဟာလဲ အခုချိန်ထိ သူ့အတွေးထဲက မထွက်နိုင်သေးဘူး .. ၊၊

" Zhan Zhan .. မင်း အဆင်ပြေရဲ့လား .. "

" ဟင် .. အင်း .. သူ အဆင်ပြေမှာပါနော် .. "

တော်တော်လေး လွဲချော်နေတဲ့မေးခွန်းပေမယ့် အလိုက်တသိပဲ ခေါင်းညိမ့်ပေးလိုက်တယ် .. ၊၊

" ပါပါးက မင်းကို ဖိအားပေးရင် ခေါင်းငုံ့မခံနဲ့ .. အခန်းအပြင်မှာ ငါရှိနေမယ် .. ဒါမှမဟုတ် ငါပါ အတူလိုက်ခဲ့ရမလား .. "

" ဟင်း .. မနက်စာတောင် ပြင်မပေးခဲ့ရဘူး .. "

ပါပါးနဲ့မျက်နှာချင်းဆိုင်ရမယ့်အရေးထက် .. သူ့အကောင်ငယ်လေးအတွက် မနက်စာ ပြင်မပေးခဲ့ရတဲ့အရေး သက်ပြင်းချ တွေးပူနေသူကို .. လက်သီးဆုပ်နဲ့ နာနာလေးသာ ထုပစ်လိုက်ချင်သည် .. ၊၊

" စိတ်ကို စုစည်းစမ်း .. နောက်နာရီဝက်အတွင်းပဲ ပါပါးနဲ့ တွေ့ရတော့မယ် .. "

Beijing နဲ့ Chongqing ရဲ့ လေယာဉ်ခရီးစဉ်က နှစ်နာရီခွဲပဲ ကြာတယ် .. ၊၊
ဆိုတော့ နောက်တစ်နာရီမပြည့်ခင်အချိန်အတွင်း .. Xiao Zhan ဟာ ပါပါးနဲ့ မျက်နှာချင်းဆိုင်ရတော့မယ် ၊၊

ဘာပြင်ဆင်ချိန်မှမရပဲ ရန်သူနဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ့်အချိန်မှာတောင် အဲ့ဒီ့ယုန်ငတုံးက စိတ်အေးလက်အေး နေနိုင်သေးတယ် .. ၊၊ သူ့မှာသာ ဘေးကနေပြီး မျက်ဖြူတွေစိုက်နေပြီ .. ၊၊

" အရမ်းကြီးလဲ စိုးရိမ်မနေပါနဲ့ Da Cheng ရယ် .. တွေ့ပြီး ပြီးသွားမှာပဲ .. "

" အဲ့ဒီ့လောက်သာ လွယ်ကူနေမှဖြင့် .. "

" စိတ်လျော့ အစ်ကိုတော် .. စိတ်လျော့ .. ပူပန်တာတွေများရင် မြန်မြန်အိုစာမယ် .. "

ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」Dove le storie prendono vita. Scoprilo ora