Part [29] သံသယ အစ
အိပ်ရာပေါ်က ထထိုင်လိုက်ပြီးနောက် .. သက်တောင့်သက်သာရှိအောင် ခေါင်းအုံးကို ကျောနောက်ပို့ပြီး ခပ်လျော့လျော့မှီတယ် .. ၊၊
တဆစ်ဆစ်ကိုက်နေတဲ့ခေါင်းကြောင့် နားထင်နှစ်ဖက်ကို လက်ညှိုးလက်မနဲ့ အသာဖိပြီး အချိန်တစ်ခုကြာတဲ့အထိ နိုပ်နယ်နေလိုက်တယ် .. ၊၊
ရှုပ်ထွေးနေတဲ့ အတွေးနဲ့အတူ မျက်မှောင်တွေကျုံ့နေမှာတော့ အသေအချာပဲ .. ၊၊
ဝင်သက်ထွက်သက်ဆီပဲ အာရုံစိုက်ထားပြီး တဖြည်းဖြည်းချင်း ရှူသွင်းရှူထုတ်လုပ်လိုက်တယ် .. ၊၊
အင်း .. နည်းနည်းတော့ အဆင်ပြေလာပြီထင်တာပဲ .. ၊၊
ˆ လန်ကျန့် ..
တောင်းပန်ပါတယ် .. ကာကွယ် မပေးနိုင်ခဲ့လို့ .. ˆ
" shit ! "
အဆင်မပြေသေးဘူးပဲ .. ၊၊
အဲ့ဒီ့ စကားသံကို သူ့ဦးနှောက်ထဲမှာ မှတ်မိနေတုန်းပဲ .. ၊၊
ပြောရရင် .. မနေ့ညတုန်းက ယုန်ငမူးတစ်ကောင်က အဲ့ဒီ့စကားတစ်ခုထဲကိုပဲ ဖန်တစ်ရာတေတဲ့အထိ ထပ်ခါတလဲလဲ ရေရွတ်နေခဲ့တယ်လေ .. ၊၊
ဒါတင်မကသေးဘူး .. သူ့မျက်နှာကိုတောင် လက်တွေက ကျူးကျော်လိုက်သေးတာ .. ၊၊
ထော့ကျိုးဖြစ်နေတဲ့သူက ငမူးတစ်ကောင်ကို အိပ်ရာထဲအထိရောက်အောင် ဝန်ဆောင်မှုပေးရသတဲ့ ၊၊ ဘယ်လောက်များ မထော်မနန်း နိုင်လိုက်သလဲ .. ၊၊
ဆောရီး .. စကားလေး နည်းနည်းပြန်ပြင်ပြောမယ် .. ၊၊
ရှုတင်က ထိခိုက်မှုတစ်ခုကြောင့် ခြေထောက်ဒဏ်ရာရပြီး လမ်းကောင်းကောင်း မလျှောက်နိုင်တဲ့ သူက .. ဘီယာတစ်ဘူးလောက်နဲ့ ခေါင်းမထူနိုင်ဖြစ်နေသူကို အိပ်ရာထဲအရောက် တွဲပို့ပေးလိုက်ရတယ် .. ၊၊ ပြောချင်တာက အဲ့ဒီ့သဘော .. ဟုတ်ပြီနော် .. ၊၊
မျက်လုံးမဖွင့်သေးဘဲ ဘေးနားကို စမ်းကြည့်လိုက်တော့ အိပ်ရာခင်းကိုပဲ စမ်းမိတယ် .. ၊၊
အင်း .. ယုန်ငမူး မရှိတော့ဘူးပဲ .. ၊၊
ဘယ်လောက်ပဲ သောက်နိုင်ပါတယ်ပြောပြော .. မနေ့ညက အတော်လေး လစ်မစ်လွန်သွားတာဆိုတော့ သူ့ခေါင်းတွေ ပေါက်ထွက်တော့မတက် ကိုက်ခဲနေရဲ့ .. ၊၊
ANDA SEDANG MEMBACA
ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」
Fiksyen Peminatထာဝရဆိုတာ ဘယ်လောက်ရှည်ကြာသလဲ .. ? ကိုယ်ရဲ့ အဆုံးမဲ့တဲ့ ချစ်ခြင်းတွေကတော့ အဆုံးအစမသိတဲ့ ထာဝရထက်ပိုနေမှာ သေချာတယ် .. ကိုယ်ဟာလေ .. မင်းကို .. ထာဝရထက်ပိုပြီး .. ထာဝရဆိုတာထက်ကို ပိုပြီး ... Start : 22/11/19 End : 26/04/21
