Part [21] ရှုပ်ထွေးစေသူ ၁ [ Zawgyi + Unicode ]

2K 190 3
                                        


" တဲန်း .. တောင် .. "

" Yibo .. ဧည့်သည် .. "

တံခါးဘဲလ်သံကြားတာနဲ့ တီဗွီကြည့်နေတဲ့ယုန်ပေါက်က မျက်လုံးကို တီဗွီကမခွာဘဲ လှမ်းအော်သည် . . ၊၊ ဒါတင်ပဲလားဆိုတော့ ခေါက်ဆွဲခြောက်တွေပြည့်နေတဲ့ ပါးဖောင်းဖောင်းလေးတွေနဲ့ပါပေါ့ .. ၊၊

" Kuan Ge တို့ဖြစ်မယ် .. ထဖွင့်ပေးလိုက်ဦး .. "

" နိုး .. ဒီမှာကောင်းခန်းရောက်နေပြီ .. . "

" Xiao Zhan .. ကျွန်တော် ခင်ဗျားစားပြီးသားပန်းကန်တွေ ဆေးနေတာနော် .. လက်မအားဘူး .. "

" ကူညီချင်ပေမယ့် ငါ့ခြေထောက်က ခုထိ မထောက်နိုင်သေးဘူးရော် .. သွေ့ပုကျိ .. "

" . . . "

Yibo ဆက်ပြောလဲမနိုင်မှာ သေချာနေတာတစ်ကြောင်း Kuan Ge တို့ စောင့်ရမှာစိုးတာတစ်ကြောင်းကြောင့် .. ပန်းကန်ဆေးလက်အိတ်ချွတ်ပြီး ကိုယ်တိုင်ပဲ တံခါးဖွင့်ပေးဖို့ပြင်ရသည် .. ၊၊

" Ge .. ခဏထိုင်ဦးနော် .. ကျွန်တော်ခုပဲ အဝတ်အစားလဲတော့မလို့ .. "

" . . . "

Kuan Ge နဲ့ မန်နေဂျာကြီးက ဝင်မထိုင်သေးပဲ ဧည့်ခန်းမှာထိုင်ပြီး တီဗွီကြည့်နေတဲ့ ယုန်ပေါက်ကိုသာ ကြည့်နေကြသည် .. ၊၊

ဧည့်ခန်းစားပွဲပေါ် စီတင်ထားတဲ့ ခေါက်ဆွဲခြောက်ဘူးတွေနဲ့ အားဖြည့်အချိုရည်ဘူးခွံတွေက ဘယ်နှစ်ယောက်စုပြီး ဘယ်လောက်တောင် ဝိုင်းဖွဲ့သောက်ထားတာတုန်း ဟု မေးချင်စရာ .. . ၊၊
ဆိုဖာပေါ် ခပ်လျော့လျော့မှီနွဲ့ထိုင်ပြီး တီဗွီကြည့်နေသူကို တစ်ချက်လှမ်းရှိုးလိုက်တော့ တီဗွီထဲ ခေါင်းဝင်တော့မတက် အာရုံစိုက်နေတာကို တွေ့ရသည် ၊၊

" အဟမ်း .. "

" . . . "

Yibo အသံပြုပေမယ့် လုံးဝအရာမရောက် .. ၊၊

" ရတယ် Yibo .. အစ်ကိုတို့ ထိုင်စောင့်နေလိုက်မယ် .. အဝတ်အစားလဲစရာရှိတာ သွားလဲ .. Hai Kuan ထိုင်လေ .. . "

မန်နေဂျာကြီးက လွတ်နေတဲ့ဆိုဖာမှာ ဝင်ထိုင်ရင်း  Kuan Ge ကိုပါ ဆွဲထိုင်စေသည် .. ၊၊

" ဟုတ် .. အဲ့ဒါဆို . . "

အဝတ်အစားလဲဖို့ လှည့်ထွက်လာတဲ့ခြေလှမ်းတွေ လမ်းတစ်ဝက်မရောက်ခင်မှာပဲ ..

ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」Donde viven las historias. Descúbrelo ahora