" Hai Kuan .. ကွန်ဒိုအောက်မှာ သတင်းထောက်တွေ အများကြီးပဲ .. ဓါတ်လှေခါးတွေမှာရော ..
ရိုးရိုးလှေခါးမှာလဲ တချို့ စောင့်နေကြတယ် .. "
" Ge .. ဘယ်လိုလုပ်ကြမလဲ .. သူ့ကြည့်ရတာလဲ အသည်းအသန်ဖြစ်နေပုံရတယ် .. "
မန်နေဂျာရဲ့အပြောနောက်မှာ Yibo ရဲ့ စိုးရိမ်စကားက ကပ်လျက်ပါလာသည် .. ၊၊
" delivery ယောင်ဆောင်ပြီး လာခိုင်းရင်ရော .. "
" ဘယ်ဖြစ်မလဲ .. ဟိုက ပါရဂူပါဆို .. ဒီလောက်ထိတော့ ဘယ်လိုက်လျောမလဲ .. "
" ပြောကြည့်ရမှာပေါ့ ..
ဒီလောက် အသည်းအသန်ဖြစ်နေတာကို .. "
Hai Kuan ရဲ့ အပြောနောက်မှာ မန်နေဂျာကြီးရဲ့ အငြင်းစကားနဲ့ Yibo ရဲ့ တိုက်တွန်းချက်က ချက်ချင်းဆိုသလို ပါလာသည် .. ၊၊
မန်နေဂျာကြီးက သူ့ကိုတလှည့် .. Yibo ကို တလှည့် ကြည့်ပြီး နောက်ထပ်ဖြေရှင်းချက်တစ်ခု ထုတ်ဖို့ပြင်သည် ၊၊
" မဖြစ်ဘူး Yibo .. မင်းအခန်းရှေ့မှာလဲ ပါပါရာဇီတွေ စောင့်နေကြတယ် .. သိပ်လဲ စိတ်မပူပါနဲ့ .. ဒဏ်ရာအရှိန်နဲ့ အဖျားတက်နေတာလဲ နေမှာပါ .. ညကလဲ ဆေးခန်းသေချာပြခဲ့ရဲ့သားကို .. "
" ကျွတ် .. ဘယ်ချိန်မှ ပြန်မယ်စိတ်ကူးကြလဲ မသိ .. media တွေဖြစ်နေပြီး fan တွေလောက်တောင်မှပဲ နားလည်မှုမရှိကြဘူး .. သတင်းထူး သတင်းဦးသာ ဖြစ်မယ်ဆိုရင် သူများ ကိုယ်ရေးကိုယ်တာတွေလဲ ဝင်စွတ်ဖက်ဖို့ ဝန်မလေးကြဘူး .. တကယ် စိတ်လေဖို့ကောင်း .. အာ .. Kuan Ge .. Hai Kuan Ge Ge .. ဒီကို လာကြည့်ပါဦး .. မြန်မြန် .. "
တဗျစ်တောက်တောက်နဲ့ မျက်မှောင်လေးကျုံ့ .. မှန်တံခါးဆီ လျှောက်သွားပြီး လိုက်ကာကို မတင်ရင်း မြေပြင်ဆီ လှမ်းကြည့်နေတဲ့ Yibo က အလောတကော ဆိုတော့ Hai Kuan လဲ မှန်တံခါးဆီ ထလာရသည် ၊၊
" ဘာလဲ .. ဘာဖြစ်သွားကြတာလဲ .. "
ကွန်ဒိုရှေ့က တအုပ်တမကြီး ထသွားကြပြန်တဲ့ သတင်းထောက် ပါပါရာဇီတွေကို ကြည့်ပြီး Hai Kuan နားမလည်သလို ရေရွတ်မိသည် .. ၊၊
" တစ်ခုခုတော့ တစ်ခုခုပဲ .. "
" မှန်တယ် .. တစ်ခုခုတော့ တစ်ခုခုပဲ .. "
YOU ARE READING
ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」
ספרות חובביםထာဝရဆိုတာ ဘယ်လောက်ရှည်ကြာသလဲ .. ? ကိုယ်ရဲ့ အဆုံးမဲ့တဲ့ ချစ်ခြင်းတွေကတော့ အဆုံးအစမသိတဲ့ ထာဝရထက်ပိုနေမှာ သေချာတယ် .. ကိုယ်ဟာလေ .. မင်းကို .. ထာဝရထက်ပိုပြီး .. ထာဝရဆိုတာထက်ကို ပိုပြီး ... Start : 22/11/19 End : 26/04/21
