" အင်း .. ဟင်း .. "
ဧည့်ခန်းမှာ ဂိမ်းထိုင်ဆော့နေရင်း ..
ညည်းသံသဲ့သဲ့ ကြားသလိုရှိတာနဲ့ အခန်းပိုအတွင်း ပြေးဝင်လိုက်သည် .. ၊၊
" မင်း နိုးလာပြီလား .. "
" Da Cheng .. "
မပွင့်တပွင့် မျက်လုံးမှေးမှေးလေးနဲ့ လှမ်းကြည့်ပြီး .. တခြားသူနာမည် ခေါ်နေတာကြောင့် Yibo အလန့်တကြားနဲ့ ကုတင်နား စွေ့ခနဲ ရောက်သွားသည် ၊၊
" ဟင် .. မင်း .. မင်း ..ခေါင်းထိပြီး အတိတ်မေ့သွားတာလား .. "
သူ့ခေါင်းကို ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက် လာကိုင်ပြီး အလန့်တကြားဆိုလာသူကြောင့် ..
Xiao Zhan ရဲ့ မှေးစင်းနေတဲ့ မျက်လုံးတွေ ချက်ချင်းပဲ ပြူးကျယ်သွားရသည် ၊၊
" .. ဘယ် သူ လဲ .. "
" ငါလေ .. မင်းကို .. "
ပြောခါနီးမှ ပြောဖို့ သင့်မသင့် စဉ်းစားရပြန်သည် ၊၊
Yu Bin ကိစ္စ ဖြေရှင်းလို့မပြီးခင် သူ့ အက်ဆီးဒင့်ကိစ္စပါ ထပ်ပေါ်လာပါက Kuan Ge ခမျာ ခေါင်းမွှေးပြောင်ဖို့ရာသာ ရှိတော့သည် .. ၊၊
အင်း .. ပြောင်စရာ ခေါင်းမွှေးတောင် ရှိသေးရဲ့လားပဲ .. ၊၊
" မနေ့က ဆေးခန်းလိုက်ပို့ပေးတဲ့သူလား .. "
" မ ဟုတ် .. အဲ့ .. အဲ့ဒါက Kuan Ge ရဲ့ မန်နေဂျာ "
" ဒါဆို ဘယ်သူလဲ .. "
" မင်းကရော ဘယ်သူလဲ .. "
အယောင်ယောင်အမှားမှား ပြန်မေးတော့ ကုတင်ပေါ်က ကောင်လေးက သွားနှစ်ချောင်းပေါ်အောင် ရယ်ရင်း ဖြေသည် .. ၊၊
" Xiao Zhan ..
ယုန်သွားလေးတွေ ရှိတဲ့ Xiao Zhan .. အားရိုး .. "
အစွမ်းကုန် ပြုံးရယ်ပြရင်းမှ မျက်နှာပေါ်က ဒဏ်ရာတချို့ကြောင့်ထင့် .. ချက်ချင်း ပြန်မဲ့ကျသွားရဲ့ ၊၊
" ငါက Wang Yibo .. "
" အော် .. ဗိုက်ဆာလိုက်တာ .. စားစရာ မရှိဘူးလား .. "
" ရှိတယ် .. ခဏလေး .. "
" နေနေ .. ရေနွေးနည်းနည်းသာပေး ..
ငါ့မှာ ရိက္ခာခြောက်တွေ ရှိသေးတယ် .. "
မန်နေဂျာကြီး ဝယ်ပေးခဲ့တဲ့ နေ့လည်စာ .. သွားယူဖို့ပြင်နေတဲ့သူ့ကို လှမ်းတားပြီး .. ဟိုရှာဒီရှာ လုပ်နေတာကြောင့် ..
YOU ARE READING
ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」
Fanfictionထာဝရဆိုတာ ဘယ်လောက်ရှည်ကြာသလဲ .. ? ကိုယ်ရဲ့ အဆုံးမဲ့တဲ့ ချစ်ခြင်းတွေကတော့ အဆုံးအစမသိတဲ့ ထာဝရထက်ပိုနေမှာ သေချာတယ် .. ကိုယ်ဟာလေ .. မင်းကို .. ထာဝရထက်ပိုပြီး .. ထာဝရဆိုတာထက်ကို ပိုပြီး ... Start : 22/11/19 End : 26/04/21
