Part 17

167 9 0
                                    

"ရေးးးးးး ...ဖေဖေပြန်လာပြီ"

အော်ဟစ်သံများက ခြံထဲထိ ပျံနှံလာတော့..
ဖေဖေ ပြန်သွားတာမှ မကြာသေးတာ...
အထုပ်တွေလည်း အများကြီးနဲ့ဆိုတော့...
အပြီးပြန်လာတာလား...
ကျွန်တော့်...ကျွန့်တော်ကြောင့်များလား...

"ဖေဖေ ဒီတခေါက်ပြန်လာတာ ဒီမှာပဲအပြီးနေမှာဆို"

"ဟုတ်တယ်..သားငယ်ရေ၊ သားဖေဖေက ဒီမှာဘဲ အမြဲနေတော့မှာ"

မေမေရဲ့ အပြောမှာ ရေးကနဲ ထအော်တဲ့ အမြွှာနှစ်ယောက်...

"ဖေဖေ"

"ဖေ့သားကြီးက ဘယ်ကပြန်လာတာလဲ"

"တက္ကသိုလ် တက်ဖို့ဖောင်သွားတင်တာ ဖေဖေ၊ ပြန်ရောက်မယ်ဆိုတာ သားမသိရပါ့လား"

"ဖေဖေလည်း အစီအစဥ်မရှိပါဘူး သားကြီးရာ၊ ဒီလိုဘဲ အသက်ကြီးတော့ မိသားစုနဲ့ပဲ နေချင်စိတ်များနေတော့ ပြန်လာဖြစ်တာ"

ကျွန်တော့်ကြောင့်...
ပြန်လာတာတော့...မဟုတ်ဖို့ ဆုတောင်းနေပေမဲ့လည်း..

"ဖောင်တင်က ပြန်လာတာဆိုတော့၊ ဘာမေဂျာလျှောက်ခဲ့လဲ"

"TU ပါဖေဖေ"

"သား...မေမေ ဘာပြောထားလဲ "

စိတ်မဆိုးပါနဲ့မေမေ...
တောင်းပန်ပါတယ်မေမေ..
သားလိမ္မာလေး တယောက်အဖြစ်နေရတာလဲ...
ကျွန်တော် အဆင်ပြေပါတယ်...

"သားကြီး ဖေဖေ့ကိုအရင်ကပြောတော့ စာရေးဆရာ လုပ်ချင်တာဆို...သားရဲ့အိပ်မက်က ချက်ချင်းပြောင်းလဲသွားရသလား၊ ဖေဖေ့ကို ပြောပါဦး"

ဟင်း...ကျွန်တော် ဘယ်လိုပြောရမှာလဲဖေဖေ...

"မီးမီး၊ သားငယ် လာရေချိုးမယ်၊ ပြီးရင်ကျူရှင်သွားရဦးမှာ"

ဖေဖေနဲ့ နှစ်ယောက်တည်း ပြောရတော့မှာပေါ့...

"သားကြီး...ဖေဖေမေးတာ အရမ်းခက်နေလို့လား"

"ဖေဖေ...သား...သားအင်ဂျင်နီယာ လုပ်မယ်ဖေဖေ၊ စာရေးတာကတော့ ဝါသနာအရပဲ ရေးမှာပါ၊ အသက်မွေးဝမ်းကြောင်း ပညာအနေနဲ့ TU မှာတက်မလားစဥ်းစားမိလို့ပါ"

"ဖေဖေကတော့...သေချာစဥ်းစားစေချင်သေးတာ၊ အခုဖောင်က တင်ခဲ့ပြီးပြီလား"

HappyTogether!SadTogether!(Complete)Where stories live. Discover now