Part 4

220 13 0
                                    

မီးမီးရောသားသားရော ဖျားနေတယ်
ဘွားဘွားကလည်း အမျိုးတွေဆီ အလည်သွားတယ်တဲ့...

"သားကြီး ဒီနေ့ တယောက်တည်းအိပ်ရမှာနော်"

"အိပ်ရဲလား"

"မေမေကရော ဖျားလို့လား"

"မေမေမဖျားပါဘူး...ဒါပေမဲ့ အငယ်လေးတွေနဲ့ကမေမေအိပ်ပေးရမှာလေ"

"မေမေ အဖျားကူးမှာပေါ့"

"မေမေက လူကြီးလေ လွယ်လွယ်မဖျားတော့ဘူး သားကြီးက ကလေး လေကွယ်"

ထိုအချိန် အိမ်ရှေ့မှ

"မင်းခရေ..မင်းခ"

"ဟော်...ဆရာကြီးအသံပဲ လာသားကြီး အိမ်အောက်ဆင်းရအောင်"

"ဆရာကြီး ကိစ္စရှိလို့လား အိမ်ကိုမလာစဖူးလာလို့ပေါ့ရော"

"ဒီဘက်ရောက်ရင်း ပြောစရာရှိလို့ ဝင်လာတာ အငယ်နှစ်ယောက်ရော မတွေ့ပါ့လား "

"နှစ်ယောက်လုံး ဖျားနေတာဆရာ ခုနကဆေးသောက်ပြီး အိပ်သွားကြတယ်"

"ဟေ...တုတ်ကွေး ဖြစ်နေအုံးမယ် ဆရာဝန်နဲ့ပြပြီးပြီလား"

"ပြပြီးပြီ ဆရာ ရိုးရိုး ဖျားတာတဲ့"

"အင်း.."

"ဆရာ ပြောစရာရှိတယ်ဆို ဘာများတုံး"

"သမီးကြီးလေ ဆုယူဖို့ အကျီတဲ့ အဲ့ဒါ သမီးပဲကြည့်စီစဥ်ပေးလိုက်ဦး"

"ဟုတ်ကဲ့ ဆရာ သမီးအမြဲစီစဥ်ပေးနေကြပဲ ရပါတယ်"

"အေးအေး သမီးပဲ အားကိုးရမှာပဲ"

"ဟုတ်ကဲ့"

"မင်းခ မင်းလည်းဖျားမယ် ဂရုစိုက်ဦး လူရည်ချွန်စာမေးပွဲဖြေရဦးမှာမလား"

"ဟုတ်ကဲ့"

"အခုတောင် အဖျားကူးမှာစိုးလို့ သူ့အဘွားအိမ်ပို့မလို့ကို ဘွားဘွားက နယ်ဘက်သွားလို့"

"ဟေ..အိမ်လိုက်ခဲ့လေ အိမ်မှာမင်းအကိုလည်း ရှိတယ်"

ဟင်..ကျွန်တော် ဘွားဘွားအိမ်ကလွဲရင် သူစိမ်းအိမ်မှာ မအိပ်ဖူးပါဘူး..အိပ်လည်းမအိပ်ရဲဘူး

"သားသား ဆရာကြီးအိမ်လိုက်သွားမလား"

မေမေလည်း တယောက်တည်းပင်ပန်းမှာစိုးတယ်..
ဒါပေမဲ့...
သူများအိမ် မအိပ်ချင်ဘူး....
ဘယ်လိုလုပ်ရပါ့မလဲ????

HappyTogether!SadTogether!(Complete)Where stories live. Discover now