Part 6

174 12 0
                                    


အင်း....ညနေတောင် စောင်းတော့မယ်
ကျူရှင်ဆင်းရင် မေမေလာကြိုတော့မှာ...
တနေ့လေးပေမဲ့ အကြာကြီးခွဲရသလိုပဲ ရင်ထဲမှာ တမျိုးကြီး...

အင်း...အကိုဆို သူ့အမေနဲ့တသက်လုံးခွဲနေရတာ ဘယ်လိုနေမလဲမသိဘူးနော်...
အခုချိန် အမကလည်း ကျောင်းတဖက်ဆိုတော့ သေချာ ဂရုစိုက်ပေးမဲ့သူ မရှိဘူး ထင်တယ်
အို..ငါနဲ့ဘာဆိုင်တာကြလို့

"သားကြီး"

ရေဆာလိုက်တာလို့တွေးနေချိန် ရေဘူးမြင်လိုက်ရတဲ့ ခံစားချက် လိုမျိုး မေမေ၏ သားကြီး လို့ခေါ်သံအောက်မှာ ပျော်ရွှင်မိ....

"မေမေ ငယ်လေးတွေရော သက်သာသွားပြီလား"

"မနက် ကတည်းက သက်သာနေတာ သားရေ
သားကို သွားခေါ်ခိုင်းနေတာ မေမေကညနေမှသွားခေါ်မှာလို့ မနည်းပြောလိုက်ရတယ်"

ဟီး..ကျွန်တော်တို့ မောင်နှမတွေက အဲ့လိုပဲ အရမ်းချစ်ကြတာ..
သူငယ်ချင်းတွေက သူတို့မောင်နှမတွေ မတည့်ဘူးတဲ့ အမြဲရန်ဖြစ်တာဆိုပဲ..
ကျွန်တော်တို့ မိသားစုရဲ့ life style ကကို ထူးခြားတော့ မောင်နှမတွေ တည့်တာ မထူးဆန်းပေါင်..
အကိုလည်း မမလမင်းနဲ့ တည့်ပါတယ်
ဟာ....လာပြန်ပြီ ဒီအကို အကြောင်းပဲတွေးနေတယ်
မင်းခ မင်းတော့ တညလေးအတူအိပ်ဖူးတာ ဒီ့လောက် သံယောဇဥ် ဖြစ်စရာမလိုပါဘူးကွာ...

"သားကြီး ကမ္ဘာလေးနဲ့ရော အဆင်ပြေရဲ့လား"

"ဟုတ်ကဲ့ မေမေ ကိုကမ္ဘာက သားကို ဂရုစိုက်ပါတယ်"

"အေးပါ အေးပါ"

~~ ~~ ~~ ~~ ~~ ~~ ~~ ~~ ~~ ~~ ~~ ~~ ~~ ~~ ~~ ~~ ~~ ~~ ~~

3 years later
.
.
.
.
.
.
"မောင်လေး ဖြေနိုင်လား"

"ဖြေနိုင်တယ် မမ ဂုဏ်ထူးပဲသေချာတယ်"

"ငါ့မောင်လေးကတော့ ဘာသာတိုင်း ဂုဏ်ထူးကြီးပဲကွာ"

ဟီး...ကျွန်တော် တကယ်ဖြေနိုင်တာဗျ။
၁၀တန်းက ကျွန်တော်အတွက်တော့ လွယ်ပါတယ်ဗျာ...
ဉာဏ်ကြီးရှင် မို့လို့လည်းပါမှာပေါ့လေ။
ဆေးကျောင်းကတော့ သေချာပဲ...

HappyTogether!SadTogether!(Complete)Where stories live. Discover now