Part 15

171 9 0
                                    

သားကြီး...
မ​ေန့က မေ့လဲသွားလို့ အကုန်ပြာယာခတ်ကုန်ရတာ...
မေမေက သားကြီးကို မွေးစားကတည်းက သဘောတူတာမဟုတ်...
မြေးအရင်းမဟုတ်တာလည်းပါသည်..
ဖေဖေရဲ့အရင်အိမ်ထောင်ကပါတာ ဆိုတော့..
သမီးအရင်းမဟုတ်ဘူးလေ...
နာကျည်းနေသည်ထင်ပါရဲ့...
ကိုယ့်ရဲ့ အမကလည်း...ဟင်း..

"အန်တီ...အန်တီ"

"ဪ...သားကမ္ဘာလာလေ သားကြီးဆီလာတာလား"

"ဟုတ်အန်တီ...မင်းခ သက်သာသွားပြီလား"

"မနက်က ဆန်ပြုတ်လေးတော့သောက်တယ်
ခုနကပဲ အိပ်ပျော်သွားတာ၊ အဖျားလည်း ကျသွားပါပြီ"

"မနေ့ကကျွန်တော်နဲ့စကားပြောတုံးက ဘာမှမဖြစ်ပါဘူး၊ ချက်ချင်းကြီး မေ့လဲသွားတာဆိုတော့ ကျွန်တော်ထိတ်သွားတာပဲ"

"အင်း...ထိတ်လန့်စရာတစ်ခုတွေ့သွားလို့ပါသားရယ်၊ ဒါနဲ့...သားအခုအားလား အန်တီဆိုင်ခဏသွားချင်လို့"

"ဟုတ်...ကျွန်တော်အားပါတယ်၊ အန်တီအေးဆေးသွားပါ"

"အဲ့ဒါဆို သားညီကိုကြည့်ထားပေးပါဦး၊ အပေါ်တက်သွားလေ၊ အန်တီသွားပြီနော်"

"ဟုတ်"

ကျွန့်တော် လူကြီးပေါက်စဆီသို့....
အိပ်ပျော်နေတာများ အပူအပင်ကင်းပါဘိ...
အန်တီပြောတဲ့ ထိတ်လန့်စရာဆိုတာဘာများပါလိမ့်...
ဘယ်လောက်ထိ လန့်စရာကောင်းလို့ မေ့လဲသွားရတာလဲ...

"ဟင်း...မေမေ မဟုတ်ဘူး၊ မဟုတ်ဘူးမလားမေမေ၊ မေမေ"

"မင်းခ...မင်းခ၊ အိပ်မက်ဆိုးတွေမက်နေတာလား၊ကြည့်ပါဦး ချွေးတွေကိုထွက်လို့..."

ဟင်...ကိုကမ္ဘာ

ခြေနှစ်ချောင်းမကယ်ကောင်းဘူးဆိုတာ ရှေးလူကြီးတွေ အလကားပြောခဲ့တာမဟုတ်ဘူး...ကိုယ်တွေ့ပဲ၊ အမလေး...ယောက်ျားအချင်းချင်းကြိုက်ပြီး မိဘဆွေမျိုးသားချင်းတွေရဲ့ သိက္ခာတွေ ချနေတာ၊ အမေလေး....

ဆက်တိုက် ကြားယောင််နေသော စကားများ...

အမလေး...ယောက်ျားအချင်းချင်းကြိုက်ပြီး မိဘဆွေမျိုးသားချင်းတွေရဲ့ သိက္ခာတွေ ချနေတာ၊ အမေလေး....

HappyTogether!SadTogether!(Complete)Where stories live. Discover now