Part 9

147 10 0
                                    


အချိန်တွေရဲ့ စီးဆင်းမှုကို တားလို့ရရင်ကောင်းမယ်ကွာ....
အချိန်တစ်လက ဘာမှမဟုတ်သလိုပဲ...

"မောင်လေးရေ ကမ္ဘာ "

ရောက်လာပါပြီ ကျောင်းပိတ်ရက်ဆို ဒီကိုအမြဲလာတဲ့ မမ။ အိမ်မှာတော့ လူကိုစည်နေတာပဲ အလှူအိမ်လားကျလို့...
ဖေဖေကလည်း ညနေတိုင်းလာကြည့်တယ်...
မင်းခကတော့ သက်သာနေပါပြီ အကြာကြီး မလျှောက်နိုင်သေးပေမဲ့ အခန်းထဲတော့ စိတ်ကြိုက် သွားလာနေပြီ...

"မောင်လေးရေ"

"လာပြီ မမရေ"

"ကိုယ်တော် ဘယ်ရောက်နေတာလဲ ခေါ်နေတာကြာပေါ့"

"ရေချိုးခန်းရောက်နေလို့ပါ"

"မင်းခရော အိပ်လို့လား"

"မဟုတ်ပါဘူး..အိမ်စာ လုပ်လို့"

"အန်တီရော ဆိုင်သွားတာလား"

"ဟုတ်တယ် အမြွှာနှစ်ယောက် ကိုကျူရှင်ပို့ရင်း ဆိုင်ဝင်မယ်တဲ့"

ခေါင်းညိမ့်ကာ တုံ့ပြန်နေသောမမက ခေါ်လိုက်ရတာမောနေဟန်ဖြင့် ရေတလုပ် သောက်နေလေရဲ့။

"ရော့...ကြီးမေက မောင်လေးကြိုက်တဲ့ ​ကြက် ချိုချဥ်ကြော်ရယ်၊မင်းခဖို့ ကြက်စွပ်ပြုတ်ရယ် လာပို့တာ"

"ဟုတ် စားရတာပေါ့"

"ငါ့မောင်လေး ဒီအိမ်ရောက်မှ ဘယ်လောက်တောင် စိတ်ချမ်းသာနေလဲ မသိဘူး...ဝလာပြီ"

ကျွန်တော် ဒီအိမ်မှာ ပျော်တယ်ပြောရင် မမဘယ်လို ခံစားရမလဲ...

"အယ်... ခန့်ညားမှုတွေ ပျောက်ကုန်ပြီလား"

"ခန့်ပြီး ချောတာကတော့ မွေးရာပါ ဆိုတော့မပျောက်သေးပါဘူး"

မမကလေ သူ့ဘာသာမြှောက်ပြီး သူ့ဘာသာ ရယ်မောနေလေရဲ့.....
မမ အိမ်မှာအမြဲနေရရင် ကောင်းမယ်...
ခုတော့ ကျောင်းတဖက်နဲ့ဆိုတော့....

"မမလမင်း ရောက်တာ ကြာပြီလား"

"ကြာပေါ့ရှင်...ရှင်တို့ကဒီလောက်အော်တာတောင် မကြားကြဘူး"

"ဟီး...တံခါးတွေက ပိတ်ထားတော့မကြားဘူးဗျ"

"ခြေထောက်ကရော သက်သာတယ်မလား"

HappyTogether!SadTogether!(Complete)Where stories live. Discover now