Part 20(final)

505 13 2
                                    

At Switzerland ~~

"Author Kha Kham Sam တဲ့စာရေးတာတော်တော်ကောင်းသကိုး...ဖတ်မိရင် လက်က ကိုမချချင်ဘူးဗျို့..."

"ကိုကတော့...ကို့ဘက်ကိုယက်တတ်တယ်နော်"

"ဟား...မှန်တာပြောတာပါကလေးရယ်"

ဟူး...နှုတ်ခမ်းက auto ဆူမိသည်...
ဒီအကျင့်သည် ကိုနဲ့ရပြီးကတည်းက စသည်...

"ကလေးလို့ မခေါ်ပါနဲ့ဆို...ကျွန်တော်ပြောတာ ၃နှစ် တောင်ပြည့်တော့မှာ"

ဟီး...သွားဖြီးပြကာ မျက်နှာချိုသွေးလိုက်သည်...
မင်းခက ကလေးလို့ခေါ်တာမကြိုက်လေ ကိုယ်က ခေါ်ချင်လေဖြစ်သည်...
အိမ်မှာ သားကြီးဆိုတော့ လူကြီးလုပ်ရသည်...
ထို့ကြောင့် သူ့ကိုကလေးဆိုး ဆိုးတဲ့မင်းခကို သူက ကလေးလို့ခေါ်တော့ မကြိုက်...

Ring ~~ ~~

"ဟဲလို...မေမေ"

"သားကြီး နောက်တပတ်ကျမင်းညီနဲ့ညီမ အလည်လာမလို့တဲ့"

"မေမေနဲ့ဖေဖေရော...မလိုက်လာဖူးလား"

"မလိုက်တော့ပါဘူးသားရယ်...ခဏခဏရောက်နေတာပဲကို ပြီးတော့ လမင်းလေးက မွေးလထဲရောက်နေပြီ မေမေမရှိလို့ မဖြစ်ဖူးလေ"

သမီးလေးတဲ့လေ...
မမွေးခင်ကတည်းက နှစ်အိမ်လုံးရဲ့ အချစ်တွေစုပုံရနေတဲ့ကလေးလေးပါလေ...

"ဟုတ်...ကျွန်တော်တို့လည်းနောက်လထဲပြန်လာမှာ က​လေးကြည့်လာမလို့ ၊ မီးမီးတို့က မောင်နှမနှစ်ယောက်တည်းလာမှာလား "

"အေးအဲ့ဒါပြောတာပေါ့...နောက်လထဲ​ ပြန်လာမှာမို့မသွားပါနဲ့ဆို ဇွတ်ကိုသွားချင်နေတာ..."

၁၀တန်းဖြေပြီး လူကြီးဖြစ်ပြီဆိုပြီး လုပ်ချင်ရာလျှောက်လုပ်တဲ့ နှစ်ယောက်ပါလေ...

"လာချင်ရင် လွှတ်လိုက်ပါ၊ ကျွန်တော်လည်း စာအုပ်တစ်အုပ်ပြီးလို့ အနားယူမလို့ဆိုတော့ အားပါတယ်၊ သူတို့ကို နေရာအနှံပို့ပေးမယ်"

"ဟုတ်ပြီ...သားကြီးရေ"

သားကြီးကတော့...ကျွန်မအမြဲဖြစ်စေချင်တဲ့ ပျော်ရွှင်နေသော လူတယောက်ဖြစ်ပါပြီလေ...
ဘွဲ့ရပြီးကတည်းက အိမ်ကလူတွေရော ကမ္ဘာလေးရော တိုက်တွန်းချက်အရ...
သူဝါသနာပါတဲ့အတိုင်း စာရေးဆရာဖြစ်နေပါပြီ...

HappyTogether!SadTogether!(Complete)Where stories live. Discover now