Part 5

217 13 0
                                    


အိပ်ရာကနိုးတော့ ကုတင်ပေါ်မှာ နှစ်ယောက်သား မြင်မကောင်း(အတွေးမစောနဲ့ဦးနော်)

ကုတင် တဖက်တချက်မှာ အိပ်နေတာများ အလယ်မှာ ကလေး ၁၀ ယောက်လောက် တက်အိပ်ရတယ်..

နိုးနေပေမဲ့လည်း မထချင်သေးတာထက် မထရဲသေးတာဆို ပိုမှန်လိမ့်မည်။
သူစိမ်းအိမ်မှာ ကိုယ်က အရင်ထလို့ မသင့်တော်ဘူး ထင်တာပဲ..
ဟင်း...အကိုတော့ ဘယ်လောက် အထီးကျန်နေမလဲမသိဘူး
ငါတော့ တစ်ညလေးနေတာတောင် အရမ်းပျင်းဖို့ကောင်းတယ် ဆရာကြီးကလည်း အရိပ်တောင် မမြင်ရဘူး...
မီးမီးနဲ့သားသားကို လွမ်းလိုက်တာ မေမေကိုတော့ အလွမ်းဆုံးပေါ့..

နှိုးလိုက်ရင်ကောင်းမလား...
မကောင်းပါဘူးလေ သူ့အိမ်မှာ ဘယ်ချိန်ထလဲမှမသိတာ..

ထိုအချိန် တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်တဲ့ တိုးလျတဲ့ အသံတစ်ခု..

"အရမ်း ချစ်တယ် ကလေး"

ဟင်..ယောင်နေတာလား

"အကို လိုက်ပို့မယ်နော်"

~~alarm ring~~

Alarm ပေးထားတာပဲ ဆရာကြီး လာနှိုးမယ် မှတ်တာ..အိမ်မှာဆို မေမေလာနှိုးရင် အိပ်ချင်ယောင်ဆောင်ပြီး စနောက်ကြတာလည်း ပျော်စရာတမျိုး..

ဟော်..နိုးလာပြီ
ပျင်းကြောဆန့်နေတာများ ချောတာတော့ တော်တော်ချောတာပဲ အခုတောင်ဒီလောက်ချောတာ ကြီးရင် ကောင်မလေးတွေ ဝိုင်းနေတော့မှာပဲ
(သဝန်တိုလို့လား ကောင်လေး😁)

"နိုးနေပြီလား ကလေး"

ဟင်..ယောင်လို့မဆုံးသေးဘူးလား
မဟုတ်သေးပါဘူး မျက်နှာက ငါ့ကိုကြည့်နေတာဆိုတော့..

"နိုးပြီ"

"နိုးရင် ရေချိုးတော့လေ သွား"

"ဟုတ်"

အဲ့ကလေး ဘယ်လိုမှန်းမသိဘူး အိမ်မက်ထဲထိပါလာတယ်။ဒါနဲ့ ဘာအိမ်မက်မှန်းတောင် မသိတော့ဘူးကွာ။(ရှင် မသိတော့ပေမဲ့ သိချင်တဲ့သူတွေ ရှိတဲ့အတွက် သိလိုက်ပါနော်)

အဲ့ကလေးပါတာတော့ သေချာတယ်

💟Sweet dream💟

"မင်း ဘယ်လိုရောက်လာတာလဲ"

HappyTogether!SadTogether!(Complete)Where stories live. Discover now