Part 3

269 13 0
                                    


မမ မရှိတော့ ဖေဖေအခန်းထဲ ကျွန်တော်ဘဲ သန့်ရှင်းရေးလုပ်ပေးရတာပေါ့ဗျာ စာမေးပွဲဖြေပြီးလို့ အားနေလို့လဲပါတာပေါ့ (ပထမနှစ်ဝက် စာမေးပွဲ)

စာအုပ်စင်ရှင်းတော့ ဖေဖေရဲ့ ဆေးစာအုပ်တွေ့တယ်
ဘာရယ်မဟုတ်..ဖွင့်ကြည့်လိုက်တော့...
အားလုံး အိုကေပါပဲ ဒါပေမဲ့ နောက်ဆုံးdate မှာ အဆုတ်မကောင်းတာအပြင် နောက်ထပ်ရောဂါ ထပ်တိုးနေတယ်....

ဖေဖေက ကျန်းမာရေးအကြောင်းသိပ်ပြောပြတာမဟုတ်ဘူး အထူးသဖြင့် ကျွန်တော့်ကိုပေါ့ မမရှိရင် မမကိုပြောပြမှာပါ

စိတ်ညစ်ညစ်နဲ့ လမ်းလျှောက်ထွက်ခဲ့တာ မင်းခတို့ အိမ်နားတောင် ရောက်တော့မယ်..

"ကိုကမ္ဘာ ဒီမှာဘာလုပ်နေတာလဲဗျ"

"ဘာရယ်မဟုတ်ပါဘူး...လမ်းလျှောက်ထွက်လာတာ"

"စာမေးပွဲရော ဖြေနိုင်ခဲ့လား"

"ဖြေနိုင်တာပေါ့ကွ ဘယ်သူ့သားမို့လို့လဲ"

"ဟား...ဟုတ်ပါပြီဗျာ "

"တကယ်တော့ ငါမမကိုလွမ်းနေတာ"

သနားပါတယ်...တစ်ဦးတည်းသောဂရုစိုက်ပေးတဲ့သူ
မရှိတော့ အားငယ်ရှာမှာပေါ့

"အိမ်လာလည်လှည့်လေဗျာ မီးမီးက ကိုကြီး ဘာလို့မလာလဲဆိုပြီးမေးပြီး နေ့တိုင်းမျှော်နေတာ"

"မီးမီး တယောက်ပဲမျှော်နေတာလား"

မင်းခကရော မမျှော်ဘူးလား မေးလိုက်ချင်တယ်ကွာ...

"ဗျာ"

"သားသားကရော အကို ကိုမမျှော်ဘူးလားပြောတာပါ"

"မျှော်တာပေါ့ဗျာ..အမြွှာတွေက မတည့်ချင်ရင်သာ မတည့်မယ် စိတ်ချင်းတော့ ဆက်နေတာဗျ"

"အေးပါကွာ ဟုတ်မှာပါ မင်းကဘယ်ကပြန်လာတာလဲ"

"ဘောလုံးကန်သွားတာ ကိုကမ္ဘာ မေမေကလည်းဒီနားတင်ဆိုပြီး တယောက်တည်းလွှတ်လိုက်တာ"

"အင်း.."

"ကိုကမ္ဘာ အဝေးကြီးကို ဆရာမိုးအောင်က တယောက်တည်း စိတ်ချလက်ချလွှတ်လိုက်တာလား"

"ငါက လူကြီးဖြစ်ပြီကွ စိတ်မချစရာမှမရှိတာ"

"ဟင်...မေမေကပြောတယ် တက္ကသိုလ် ရောက်မှ လူကြီးစဖြစ်တာတဲ့ ကိုကမ္ဘာ ကအခုမှ ၈ တန်းရှိသေးတာလေ"

HappyTogether!SadTogether!(Complete)Where stories live. Discover now