Part 13

148 10 0
                                    

🌅The last day of Chaung Thar🌅

ဒီနေ့နေ့လယ် ချောင်းသာကပြန်မယ်တဲ့....
အဲ့ဒါမှ ရန်ကုန်ကို ညပြန်ရောက်မှာလေ...
ကျွန်တော်ကတော့ မြန်မြန်ပြန်ရောက်ချင်နေပြီ....
ကိုကမ္ဘာ ကိုကြောက်နေပြီ...
မနေ့ညကဗျာ...

☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘
Flashback Start✨

ဒီနေ့ည ကျွန်တော် ကိုကမ္ဘာနဲ့ နှစ်ယောက်တည်းအိပ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဖူးထင်တာပဲ....
ကြောက်လိုက်တာ...တော်ကြာ🌚

"သားသား ကိုကိုနဲ့ လာအိပ်ပါ့လား "

"ဟင့်အင်း...သားက မေမေနဲ့အိပ်မှာ"

"သားသားကို ကိုကိုတူတူဆော့ပေးမယ် ပြီးတော့ သီချင်းဆိုသိပ်မယ် ကိုကိုနဲ့လိုက်ခဲ့"

ခေါင်းတခါခါနဲ့...
အရေးနဲ့အကြောင်းနဲ့ဆို အားကိုးမရဘူး...
ဒီကအနေခက်လို့ပါဆို...

"သားကြီးရယ်...အေးဆေးအိပ်ပါ သားငယ်ဂျီတာလည်း သိရဲ့သားနဲ့"

"သူမှမလိုက်ချင်တာ လာပါမင်းခရာ သွားအိပ်ရအောင်"

"ဟုတ်"

သူသိတာပေါ့...ဒီကလေးသူ့ကိုကြောက်နေတာ
ဟင်း...အဖြေမပေးတဲ့ဒီကောင်လေးကို သေချာကို အပြစ်ပေးရမယ်

"မင်းခ... အိပ်တော့မှာလား "

"ကျွန်တော် မအိပ်သေးဘူး"

"နေ့ခင်းကလည်း မအိပ်ဘဲနဲ့ ခု ၁၁နာရီထိုးနေပြီ လာအိပ်လှည့်"

"ကိုကမ္ဘာ"

"ဟင်"

"ကျွန်တော် ညနေကဟာလေ အဲ့ဒါ"

ဒီကောင်လေး...ဘာတွေရှက်နေတာလဲ

"အဖြေပြန်ပေးမလို့လား"

"ဟင်...မဟုတ်ပါဘူး အဲ့ဒါ ကျွန်တော်မသိသေးဘူးလို့ အဲ့ဒါကြောင့် ကျွန်တော့်ကို"

"စဥ်းစားလိုက်ပါဦး အဲ့ကိစ္စကို လေးလေးနက်နက် ကိုယ်သိပါတယ် အဖြေပေးဖို့လွယ်မှာမဟုတ်တာ...အခုဒီကိုလာ"

အိပ်ရာဘေးပုတ်ပြကာ လာထိုင်ဖို့ပြောနေတာ....
ကျွန်တော်လည်း ထိုင်လိုက်တာပေါ့...

"အယ်...ဟိုမှာကြယ်ကြွေသွားပြီ"

"ဟင်...ဘယ်မှာ"

HappyTogether!SadTogether!(Complete)Where stories live. Discover now