Part 8

166 10 0
                                    


"မမ ကျွန်တော်ကြောင့် မင်းခ အဲ့လို ဖြစ်သွားတာ"

ငါသာ မင်းရှေ့တစ်လှမ်းလောက် စောရောက်ရင် မင်းအဲ့လို ဖြစ်မှာမဟုတ်ဘူးကွာ...

"မဟုတ်ပါဘူး မောင်လေးရယ်
မောင်လေးအနောက်က ဆွဲလိုက်လို့သာ မင်းခခြေထောက်လေးတင် ထိမိတာပါကွယ်"

မဟုတ်ပါဘူး...ငါသာ မင်းရှေ့ကလျှောက်ရင် မင်းဘာမှ ဖြစ်မှာမဟုတ်ဘူး...

" သား ကိုယ်ကိုကိုယ် အပြစ်တင်မဲ့အစား သားလည်းကျောင်းမတက်ရသေးဘူးဆိုတော့ မင်းခကိုဂရုစိုက်ပေးလိုက် "

"ဟုတ် ကျွန်တော်ဂရုစိုက်ပေးလိုက်ပါ့မယ်"

~~ ~~ ~~ ~~ ~~ ~~ ~~ ~~ ~~ ~~ ~~ ~~ ~~ ~~ ~~ ~~ ~~ ~~

"ကမ္ဘာလေး အထုပ်အပိုးတွေနဲ့ ဘယ်လဲ"

"အန်တီ ကျွန်တော်ဒီ့အိမ်မှာ လာနေလို့ရလား"

"ဘာဖြစ်လာတာလဲ သား"

"ဘာမှ မဖြစ်ပါဘူးဗျ။မင်းခက  ညရေးညတာဆိုရင် အန်တီတို့ ဒုက္ခများမှာပေါ့ ပြီးတော့ နောက်အပတ်ကျောင်းတက်ရင်လည်း အကြိုအပို့ လိုမှာပေါ့။အမြွှာနှစ်ယောက်ကတဖက် ဆိုင်ကတဖက်နဲ့ဆိုတော့ အန်တီလည်း ပင်ပန်းမှာပေါ့"

"ဒါပေမဲ့ ဖြစ်ပါ့မလား"

"ဖြစ်ပါတယ်ဗျ။ကျွန်တော်က ကျောင်းမတက်ရသေးတော့ အားနေတာလေ ဖေဖေကလည်း ဒီမှာနေတဲ့
တခုပဲ အန်တီကျွန်တော့်ကြောင့်တော့ အလုပ်မရှုပ်မပါဘူးနော်"

"မရှုပ်ပါဘူးကွယ် အန်တီကကျေးဇူးတောင်တင်တာပေါ့ သူ့အဖေကိုလည်း စိတ်ပူနေမှာစိုးလို့ မပြောထားတော့ ပြန်မလာဘူးလေ"

"ဟုတ်ကဲ့ မင်းခရော အခန်းထဲမှာလား"

"ဟုတ်တယ် တက်သွား... သားနေဖို့ အခန်းရှင်းပေးမယ်"

"ကျွန်တော် မင်းခနဲ့ တူတူအိပ်မှာလေ အခန်းမရှင်းပါနဲ့ အန်တီ အလုပ်ရှုပ်ပါလိမ့်မယ်"

"သားကြီးအခန်းရှင်းမှာပါကွယ် အဲ့ဒီ့မှာ မအိပ်တာကြာပြီလေ အန်တီတို့နဲ့ပဲ အိပ်တာ"

ဪ....စကားကြီးစကားကျယ် ပြောတတ်တဲ့ကောင်လေးက ဒီအရွယ်ထိ အမေနဲ့ ခွဲမအိပ်ဘူးတဲ့လား.....
မင်း သိပ်ကံကောင်းတာပဲကွာ မိသားစုနဲ့နွေးနွေးထွေးထွေး နေရတာ....

HappyTogether!SadTogether!(Complete)Where stories live. Discover now