Part 19

216 11 3
                                    

"ကဲ... ရှင်းကြပါဦး"

သူ့ကိုယ်တိုင် မသိတဲ့ ကိစ္စတစ်ခုကို ဘယ်လိုရှင်းရမလဲ...
ကိုကမ္ဘာ ကိုကြည့်တော့လည်း ဘာတခုမှ နားမလည်ဟန်...

"ကျွန်တော်တို့ ဒီတိုင်းအိပ်ပျော်နေတာပါ...ညက စကားတွေ ပြောပြီး အိပ်ပျော်သွားတာ ဒီတိုင်း...ဒီတိုင်းပဲလေ"

သူပြောတာကို စိုက်ကြည့်နေတဲ့ မမနဲ့အန်တီကြောင့် သူဘာဆက်ပြောရမှန်းမသိပါ...
ဟုတ်တယ်လေ...သူပြောတာ ဘာမှားလို့လဲ...
အရင်ကလည်း အတူအိပ်ဖူးတာပဲ...
အခုမှ...ဘာထဖြစ်ကြတာလဲ

"မောင်လေး...မမကို အမှန်တိုင်းပြောနော်"

"ဟုတ်...ကျွန်တော် အမှန်တိုင်းပြောနေတာပါ"

"အဲ့ဒါဆို...မင်းခရဲ့ နှုတ်ခမ်းက ဘာလို့ပေါက်နေတာလဲ၊ လည်ပင်းမှာလဲ အနီကွက်တွေနဲ့ ရင်ဘက်မှာရော ကြည့်ပါဦး"

အခု မမကသူ မင်းခကို ထိုးနှက်ထားတယ် ထင်နေတာလား
(ဒုံးဝေးတဲ့ ကမ္ဘာလေးရေ🤐)

"ကျွန်တော် မရိုက်ပါဘူးဗျ"

ဟုတ်တယ် သူရဲ့ ချစ်လှစွာသော မင်းခကို သူက ရိုက်မည်တဲ့လား???

"မောင်လေး..."

ဟော်...မျက်စောင်းထိုးနေတဲ့ မမကြောင့် ဘာလုပ်ရမှန်းတောင် မသိပါ...

"သမီးအသာနေ...အန်တီ မေးပါဥွီးမယ်"

"ဟုတ်..."

"သားကြီး...ကမ္ဘာလေးနဲ့ သားက တွဲနေတာလား"

"မဟုတ်ပါဘူး မေမေရယ်၊ မဟုတ်ဘူး တကယ်မဟုတ်ဘူး"

"အဲ့ဒါဆိုလည်း အခုတွဲလိုက်တော့"

"ဗျာ" "ဗျာ"

ပြိုင်တူ ထွက်လာတဲ့ စကားသံနှစ်ခုမှာ အံ့သြမှု အပြည့်...

"ဒါပေမဲ့..."

"အန်တီပြောသလိုပဲ...မမလည်းအဲ့လိုပဲထင်တယ်"

နေ့ချင်းညချင်း ရည်းစားရသွားတဲ့ နှစ်ယောက်ပါလေ...
အကြည့်ချင်းဆုံလျက် ကျိတ်ပြုံးနေတဲ့ သူနှစ်ယောက်ရှိတာတော့ မသိလိုက်ပါလေ....

~~ ~~ ~~ ~~ ~~ ~~ ~~ ~~ ~~ ~~ ~~

"အင်း...မေကြီးရယ် နောင်သူတို့တွေ သိကုန်ရင် မခက်ပေဘူးလား"

HappyTogether!SadTogether!(Complete)Where stories live. Discover now