Part 10

167 10 0
                                    

At Supermarket ~~~

"မင်းခ...စာတွေလိုက်နိုင်လား"

"လိုက်နိုင်ပါတယ်"

"ဆယ်တန်းပြီးရင် ဘယ်တက္ကသိုလ် တက်ဖို့မှန်းထားလဲ"

"Dayပဲတက်မှာ မြန်မာစာမေဂျာယူမှာ"

"ဟာ...စာရေးဆရာ လုပ်မလို့လား"

"ဟုတ်တယ်..."

"အင်း..မင်းသဘောပါ ဒါနဲ့ဘာဝယ်မလို့လဲ "

"နာရီ ဝယ်မလို့ "

"အေးပါ"

လေသံကလည်း စိတ်မရှည်တဲ့လေသံနဲ့...
ဟွန့်...

နာရီဆိုင်မှာ ရွေးလိုက်၊စျေးဆစ်လိုက်နဲ့.....
ဒီက စောင့်ရတဲ့သူက စိတ်မရှည်တော့တာ အမှန်ပဲ
နာရီဝက်လောက်ရှိနေပြီဗျာ...

"ကိုကမ္ဘာ ဒီနာရီလှတယ်မလား"

"အင်း...လှပါတယ်"

"Okay အမဒါလေးပဲယူတော့မယ်"

အမလေး....ပြီးသွားလို့တော်သေး

"ဟေ့ ကမ္ဘာ "

"ဪ....ရွှေရည် တို့ပါလား စျေးဝယ်လာတာလား"

"ဟုတ်တယ် ကမ္ဘာရောစျေးဝယ်ပဲလား"

"ဟုတ်တယ် ကိုယ်တိုင်ဝယ်ဖို့တော့ မဟုတ်ဘူး
ညီလေး လိုက်ပို့ခိုင်းလို့"

အမလေး...စျေးဝယ်လာတယ်ဆိုပြီးရောပေါ့
ကိုယ်တိုင်ဝယ်တာတွေ မဝယ်တာတွေ ရှည်နေတယ်...ဟွန့်
ခုနကကျ စိတ်မရှည်တဲ့လေသံ "အေးပါ"
"အင်း..လှပါတယ်" ဒါပဲဖြေတာ...
ခုကျတော့ ဖြေနေတာ ရွှန်းရွှန်းကိုဝေနေတာပဲ
အေးပေါ့လေ...ဟိုက မဒီလေးတွေကို

"မင်းခ..ပြီးပြီမလား သွားမယ်လေ"

ဒီကလေးနဲ့တော့ ဘာတွေစဥ်းစားနေလဲမသိ..

"အင်း..သွားမယ် သွားမယ် ဒါနဲ့ခုနကမမတွေက ဘယ်သူတွေလဲ"

"သူတို့က ဆေးကျောင်းက သူငယ်ချင်းတွေ
ဘာလဲလှလို့လား "

လှပါဘူး...စိတ်ထဲကအတိုင်းတော့ ဖြေမဖြစ်
တာကြောင့်

"လှပါတယ်"

"လှမှာပေါ့ သူတို့က Queenတွေ Attraction တွေ"

သူ့ဘာသာ queenဖြစ်တော့ ဘာလုပ်ရမှာလဲ
ဒီကမေးလည်း သူငယ်ချင်းဆိုပြီးရောပေါ့...
လှကြောင်း ချောကြောင်း လာကြွားနေသေးတယ်...

HappyTogether!SadTogether!(Complete)Where stories live. Discover now