Chapter 1

5K 599 3
                                    

<Unicode>
ဟိုင်ရှို့တစ်ယောက် ဖြေလွှာစာရွက်ပုံကြီးကို သယ်လာကာ သူ၏လက်ချောင်းများမှာ အနည်းငယ်တုန်ယင်နေသည်။

ကိုယ်ပိုင်စာကြည့်ချိန် ဆယ်မိနစ်သည် ကုန်ဆုံးသွားပြီဖြစ်ရာ သူသည် ထိုစာရွက်များကို အတန်းဖော်များအား လိုက်ဝေပေးရန်လိုသည်။

28 ယောက်ရှိသည့် ထိုအတန်းထဲတွင် သူကိုထည့်မတွက်ပါလျှင် 27 ယောက်ကိုသာ စာရွက်လိုက်ဝေပေးရန်လိုပြီး အရမ်းကြီးခက်ခဲသည့်ကိစ္စတော့မဟုတ်ပေ။

တစ်မိနစ်နှင့်စက္ကန့်ဝက်လောက်ကြာပြီးနောက် သူ့မျက်နှာပေါ်တွင် ချွေးစက်များထွက်လာသည်။ထိုအရာသည် မခက်ခဲပါဟု သူ့ကိုယ်သူ အထပ်ထပ်အားပေးနေမိသည်။သူသည် လွန်ခဲ့သည့်တစ်လလောက်က ကျောင်းပြောင်းလာခဲ့ခြင်းဖြစ်ပြီး အတန်းဖော်အချို့၏နာမည်များကိုတော့ မှတ်မိပါသည်။သူနဲ့တစ်ခုံတည်းတူတူထိုင်သည့် ဝမ်ဖန်း ၊ ပညာရေးကော်မတီအဖွဲ့ဝင် ရှုန်းကျာကျာ စသည့်သူများကိုပေါ့.. သူတို့ကိုဖယ်လိုက်လျှင် 25ယောက်၏နာမည်များသာ ကျန်တော့သည်။

ဟိုင်ရှို့၏နှလုံးခုန်သံများမှာ မြန်နေသည်။သူကို တာဝန်ပေးထားသည့် ဆရာမအား သွားရှာပြီး သူ မလုပ်နိုင်တော့ပါဘူးဟု သွားပြောရင်ကောင်းမလားဟု နည်းနည်းတွေးမိသည်။

သို့သော်လည်း ဆရာမက အရမ်းစိတ်ပျက်သွားလိမ့်မည်။သူမသည် သူ့အပေါ်အရမ်းကောင်းသည်ကြောင့် သူထိုသို့တော့မလုပ်သင့်။အတန်းဖော်များနှင့် ဖြေးဖြေးချင်းရင်းနှီးအောင်ကြိုးစားဟု ဆရာမကပြောထားပြီး ထိုအရာသည် သူတို့နှင့်ပြောဆိုဆက်ဆံရန်အတွက် ပထမခြေလှမ်းဖြစ်လေသည်။

ဟုတ်ပါသည်...ဟိုင်ရှို့တွင် လူမှုဆက်ဆံရေးနှင့်ပတ်သတ်ပြီး စိတ်ဝေဒနာတစ်မျိုးရှိသည်။

လူကြောက်ရောဂါဟုလည်း ခေါ်ကြသည်။

သေချာပေါက် မျိုးရိုးစဥ်ဆက်ရောဂါမျိုးတော့မဟုတ်ပါ။သူသည် ပင်ကိုယ်ထဲက ရှက်တတ်သူတစ်ယောက်ဖြစ်သော်လည်း အခြားသူများနှင့် ပုံမှန်ပေါင်းသင်းဆက်ဆံရေးရှိသူတစ်ယောက်ဖြစ်သည်။ထိုရောဂါကို ရလာခဲ့သည့်အကြောင်းမှာ ဂျူနီယာအထက်တန်းကျောင်းတက်ခဲ့စဥ်က စာသင်နှစ်တစ်နှစ်လုံး အနိုင်ကျင့်ခံခဲ့ရသည်ကြောင့် ဖြစ်သည်။

ကိုယ့်နာမည်ကို မှတ်မိရဲ့လား?[မြန်မာဘာသာပြန်]Where stories live. Discover now