Chapter 37

917 214 16
                                    

<Unicode>
ပြင်ဆင်ချက်–ဖမ်းဖေ - ဖုန်းဖေ

T/N တကယ်က ဖုန်းဖေပါ ၊ ဖမ်းဖေမဟုတ်ပါဘူး ၊ မနေ့က audio drama နားထောင်မိမှ သတိထားမိလို့ပါ ၊ ဖမ်းဖေကိုပဲ ဖတ်ရိုးကျိုးလာပြီဆိုပေမဲ့လည်း မှားနေတော့ ပြင်မှဖြစ်မှာမလို့ပါ ၊ ရှေ့ပိုင်းတွေလည်း ဖြည်းဖြည်းချင်းပြန်ပြင်နေပါတယ် ၊ အခုမှ ဖတ်တဲ့သူတွေက ပြင်ပြီးသားနဲ့တိုးတော့ အဆင်ပြေပေမဲ့ အရင်ထဲက ဖတ်လာတဲ့သူတွေကိုတော့ အားနာပါတယ်နော်။
__________________

နှစ်စက္ကန့်လောက်ကြာပြီးနောက် ဟိုင်ရှို့ လှည့်လိုက်ပြီ အမြန်အောက်သို့ဆင်းလိုက်ကာ တံခါးကို ဖွင့်လိုက်၏။ဖုန်းဖေ ဟိုင်ရှို့အား ပြုံးပြနေစဥ် သူ့ပုခုံးပေါ်၌ နှင်းပွင့်များတင်နေပေသည်။

"ပျော်ရွှင်ဖွယ်နှစ်သစ်ကူးလေးပါ"

ဟိုင်ရှို့ ဒီတိုင်းပင် ငြိမ်သက်နေဆဲဖြစ်ကာ ပြောသည်။

"မင်း... မင်း ဘာလို့..."

ဖုန်းဖေ အိမ်ထဲသို့ ဝင်လိုက်သည်။ဟိုင်ရှို့ ဖိနပ်စီးမထားသည်ကို မြင်သော် သူ ပွေ့ဖက်လိုက်ကာ ထိုကလေးလေးအား တန်းပြီး မြှောက်ချီလိုက်၏။ထို့နောက် သူ ပြုံးကာ ပြောသည်။

"ကိုယ် နှစ်သစ်ကူးနေ့မှာ မင်းနဲ့အဖော်ပြုနေပေးပါ့မယ်လို့ သဘောတူခဲ့တယ်မဟုတ်ဘူးလား?"

ဟိုင်ရှို့ ဖုန်းဖေ၏မဲနက်နေသော မျက်ဝန်းများကို ငေးကြည့်နေသည်။သူ တစ်ဖက်လူ၏ခန္တာကိုယ်အေးစက်နေသည်ကို ခံစားလိုက်မိသည့်အခါ သူ့ကိုယ်သူ စိတ်တိုမိသည်။

သူ သူ့ကိုယ်သူ ပုံမှန်အတိုင်းဖြစ်နေပုံပေါ်အောင် တွန်းအားပေးနေသော်လည်း အစီအစဥ်မကျဘဲ ချဲ့ကားမေးမိသော သူ့စကားလုံးများကမူ ဖုံးကွယ်မထားနိုင်ချေ။

"မင်း... မင်းဘာလို့ ပြန်လာတာလဲ? ဘယ်လို ပြန်လာတာလဲ? အန်တီနဲ့ ဦးလေးကရော... ပြီးတော့ မင်းအစ်ကိုရော? မင်း.. မင်းရဲ့မျက်လုံးတွေက နီနေတယ်..."

ဖုန်းဖေပြန်လာသည့်အခါ လေဆိပ်မှ တက္ကစီတစ်စီး ငှားလာခဲ့သည်။ကံဆိုးစွာဖြင့် ဒါရိုက်ဘာမှာ မောင်းဖူးခါစဖြစ်ကာ ညနက်သန်းခေါင်ကြီးအလယ် ကျနေသောနှင်းများကို ရင်ဆိုင်နိုင်စွမ်းမရှိပေ။ထို့ကြောင့် ဖုန်းဖေသည် လေထန်ထန်လမ်းမကြီးကို တစ်လှမ်းပြီးတစ်လှမ်း လမ်းလျှောက် လာခဲ့ရသည်။နှင်းထူထူလမ်းမကြီးကို လမ်းလျှောက်ဖို့ရာ မလွယ်ကူခဲ့ကာ သူ ပြန်ဖြေသည့်အချိန် အနည်းငယ်ပင် ဟောဟဲလိုက်နေပေသည်။

ကိုယ့်နာမည်ကို မှတ်မိရဲ့လား?[မြန်မာဘာသာပြန်]Where stories live. Discover now