Chapter 4

2.2K 468 1
                                    

[Unicode]

ဟိုင်ရှို့သည် ဒုတိယတန်း၌ထိုင်ခြင်းဖြစ်သည်။ဖုန်းဖေသည် အရပ်အရမ်းရှည်သည်ကြောင့် ရှေ့တန်းများ၌ ထိုင်လို့မရပေ။သူတို့နှစ်ယောက် အတူတူထိုင်ချင်သည်ဆိုလျှင် အခြားအတန်းဖော်များကိုပါ နေရာရွေ့ပေးရန်အတွက် မေးကြည့်ရမည်။ကံကောင်းစွာဖြင့် အခန်းမှာ သေးပြီး ခုံတန်းပေါင်းငါးတန်းသာရှိသည်။ရလဒ်အနေနှင့် ဟိုင်ရှို့အတွက် ဆိုးကျိုးကြီးတစ်ခုတော့မဟုတ်ပါ။

ဖုန်းဖေ၏ခုံဖော်သည် သူဒုတိယတန်းတွင်ထိုင်ရမည်ကို သိသွားသည့်အခါ နေရာပြောင်းရန်ပျော်နေလေ၏။ဟိုင်ရှို့၏ခုံနှင့်စားပွဲကို ဖုန်းဖေက သယ်ပေးသည်။

"ဟိုင်ရှို့ ....."

ဟိုင်ရှို့အရင်ခုံဖော်ဝမ်းဖန်း၏မျက်နှာသည် စိုးရိမ်မှုများနှင့် ပြည့်နှက်သွားသည်။

"မင်း ဆရာမကို သွားပြောချင်သေးလား ? မင်းခုံပြောင်းချင်ရဲ့လား? "

ဝမ်ဖန်းသည် ဖုန်းဖေကိုလှမ်းကြည့်လိုက်ကာ သူထင်သည်ကတော့ ဟိုင်ရှို့သည် အနိုင်ကျင်ခံနေရသည်ဟုပင်။

ဟိုင်ရှို့သည် အနည်းငယ် ကြောင်သွားကာ ဘာပြန်ပြောရမှန်းမသိစွာဖြင့် :

"ငါ ...."

ဝမ်ဖန်းပြောသည်ကို ဖုန်းဖေကြားသောအခါ ပြန်လှည့်လာပြီး ဝမ်ဖန်းကိုအေးစက်စက်မျက်လုံးများနှင့် ကြည့်လိုက်သည်။ထိုကြောင့် ဝမ်ဖန်းသည် ခဏတစ်ဖြုတ်ငြိမ်သက်သွားလေ၏။

ဖုန်းဖေသည် မျက်မှောက်ကြုတ်လိုက်ရင်းဖြင့် :

"ဟိုင်ရှို့ ၊ ဒီကိုလာတော့ !"

ဟိုင်ရှို့သည် သူ့ခုံသစ်ဆီသို့ စိတ်လှုပ်ရှားစွာဖြင့် ဒယိမ်းဒယိုင် လျှောက်သွားလေ၏။

နောက်တစ်ရက်တွင် ဟိုင်ရှို့သည် အမူအရာမဲ့စွာဖြင့် အတန်းထဲသို့ စောစောရောက်လာသည်။သူ့အရင်စားပွဲပေါ်တွင် အခြားသူ၏လေ့ကျင့်ခန်းစာအုပ်များကို မြင်သွားကာမှ သူသတိရသွား၏။သူခုံလဲထားခဲ့တာပဲ။

ဟိုင်ရှို့ ဖွဖွလေးသက်ပြင်းချလိုက်ကာ သူ့ခုံအသစ်သို့ သွားထိုင်လိုက်သည်။

ကိုယ့်နာမည်ကို မှတ်မိရဲ့လား?[မြန်မာဘာသာပြန်]Where stories live. Discover now