chapter 42

811 194 15
                                    

အပူပေးပိုက်များသည် သတိပေးစာတွင် ဖော်ပြထားသည့်အတိုင်း နေ့လယ်အထိ ပုံမှန်အတိုင်းပြန်မဖြစ်ချေ။

မနက်ခင်းတွင် အစိုးရဝန်ထမ်းများသည် အချိန်အတော်ကြာ အလုပ်လုပ်ခဲ့ကြသော်လည်း အောင်မြင်ခြင်း မရှိခဲ့ပေ။

နေ့လယ်တွင် အပူပေးကုမ္ပဏီသည် အပူပေးပိုက်များကိုကြည့်ရန် လူနှစ်ယောက်ကို စေလွှတ်ခဲ့သည်။ကနဦးစစ်ဆေးမှုအပြီးတွင် ကုမ္ပဏီအလုပ်သမားများက system တစ်ခုလုံးကို အစားထိုးရန်နှင့် အနှီပိုက်များကိုအစားထိုးခြင်း ပြီးဆုံးရန်မှာ မနက်ဖြန်အထိ ကြာမြင့်နိုင်ကြောင်း ပြောကြားလေသည်။တရုတ်ပြည်မြောက်ပိုင်းဒေသများ၏ ဆောင်းရာသီမှာ ခိုက်ခိုက်တုန်အောင် ချမ်းလျက်ရှိရာ နေ့တစ်ဝက်လောက် အပူပေးထားခြင်းမရှိပါက အအေးမိလိမ့်မည်ပင်။ညနေပိုင်းကိုယ်ပိုင်စာကြည့်ချိန်ကိုတော့ ထည့်တောင် ပြောစရာမလို။

ကျောင်းသည် စီနီယာကျောင်းသားများအား အအေးမိခွင့်မပြုရဲ။နောက်နှစ်ရက်တွင် ညနေခင်းကိုယ်ပိုင်စာကြည့်ချိန်များကို ဖျက်သိမ်းလိမ့်မည်ဖြစ်ကြောင်း သတင်းပေးထားသော ကြေညာစာတစ်ခုအား ကျောင်းသားများကို ထုတ်ပြန်ခဲ့သည်။ဖုန်းဖေသည် ဟိုင်ရှု့အအေးမိမည်ကို စိတ်ပူနေခဲ့သောကြောင့် ကြေညာစာထုတ်ပြန်ချိန်တွင် သူသည် လွန်စွာ စိတ်သက်သာရာရသွားခဲ့သည်။

အတန်းပြီးခါနီးတွင် ဖုန်းဖေသည် မနက်ကသူ့အား ဟဲ့ဟော်ပြောသွားခဲ့သည်များကို တွေးကာ ဟိုင်ရှို့ကို မေးလိုက်သည်။

"ပြီးခဲ့တဲ့လကစာမေးပွဲမှာ တစ်တန်းလုံးနဲ့ကျောင်းမှာ မင်းပထမရခဲ့တယ်လို့ ကိုယ်ကြားတယ်"

ဟိုင်ရှို့ ရှက်ကိုးရှက်ကန်း ခေါင်းညိတ်လိုက်ကာ

"အမ်း"

ဟိုင်ရှို့၏ အောင်မြင်မှုအတွက် ဖုန်းဖေဂုဏ်ယူပြီး ပြောလိုက်သည်။

"မဆိုးဘူး။မင်းဘာလို့ ကိုယ့်ကိုမပြောတာလဲ?"

ဟိုင်ရှို့ မျက်တောင်ခတ်လိုက်ကာ

"အဲ့တာက ဘာပြောစရာရှိလို့လဲ..."

"အဲ့တာတောင် ပြောဖို့မတန်ဘူးလား?"

ကိုယ့်နာမည်ကို မှတ်မိရဲ့လား?[မြန်မာဘာသာပြန်]Where stories live. Discover now