Chapter 9

1.6K 417 12
                                    

[Unicode]

ဖုန်းဖေ၏အိမ်သည် အပန်းဖြေအိမ်သေးလေးဖြစ်ပြီး တောင်စောင်းတစ်ခု၏အလယ်တွင် တည်ရှိသည်။ဆောင်းဦးရာသီဖြစ်၍ တောင်ကုန်းပေါ်တွင် မေပယ်လ်ရွက်များ ရဲရဲနီအောင် ဖူးပွင့်နေကာ ရှုခင်းမှာ အလွန်တရာလှပသည်။

ဖုန်းဖေပြုံးကာပြောသည်။

"ရာသီဥတုကောင်းတယ် ၊ ငါတို့ ဒီည ခြံထဲမှာ ဘာဘီကျု လုပ်စားလို့ရတယ်"

လေတဖြူးဖြူးတိုက်ခတ်နေသော လမ်းမကြီးကို ဖြတ်မောင်းလာပြီးသည်ထိ ဟိုင်ရှို့စကားတစ်ခွန်းမှ မပြောသေးသည်ကြောင့် ဖုန်းဖေသံသယဖြစ်မိလာသည်။

"ဘာဖြစ်လို့လဲ ? နေလို့မကောင်းဘူးလား ?"

"မင်း ... မင်းမိဘတွေနဲ့မင်းအကိုရော .... ရှိလား?"

ဟိုင်ရှို့ စပြီးဗလုံးဗထွေးပြောလာသည်။

"ဘာဘီကျု ...."

ဖုန်းဖေး တန်းနားလည်သွားကာ ဖြည်းဖြည်းချင်းပြော၏။

"ငါမင်းကို အခုထိမပြောရသေးဘူး ၊ ငါ့အကိုက လက်ထပ်ပြီး ငါ့မရီးနဲ့အတူ အိမ်ပြောင်းနေတာ ၊ ဒါပေမဲ့ အရမ်းမဝေးတော့ သူတို့ ငါတို့ကို လာတွေ့လို့လွယ်တယ် ၊ ငါမိဘတွေက အမ် .... အင်း မင်း သူတို့နဲ့ စကားပြောကြည့်ရင် သိလိမ့်မယ် ၊ မင်းက လိမ္မာတဲ့ကလေးဆိုတော့ သူတို့မင်းကိုတွေ့ရင် သဘောကျကြမှာ"

ဟိုင်ရှို့ အသက်ပြင်းပြင်းရှူထုတ်လိုက်သည်။သူသည် ဖုန်းဖေအား သူ့နှလုံးသား၏အနက်ရှိုင်းဆုံးနေရာမှအားကျမိသည်။အကြောင်းမှာ ဖုန်းဖေသည် သူ့အမေနှင့်ပုံမှန်အတိုင်း ပြောဆိုဆက်ဆံနိုင်ခြင်းကြောင့်ဖြစ်သည်။
ထို့အပြင် သူ့အမေသည် ဖုန်းဖေကို သဘောကျသည်မှာ သိသာလှသည်။

သူ ..... သူလည်း ဖုန်းဖေ မိဘတွေ သူ့ကို သဘောကျစေချင်တယ်လေ ....

ဟိုင်ရှို့ စိုးရိမ်စွာဖြင့် "အင်း"ဟု ခေါင်းငြိမ့်ပြီး ပြန်မဖြေခင် သူ့နှုတ်ခမ်းကို လျှာနှင့်သပ်လိုက်သည်။

ဖုန်းဖေ ဟိုင်ရှို့အား စောင်းကြည့်ပြီးနောက် သူ့နှုတ်ခမ်းများမှာ ကွေးတက်သွားသည်။

ကိုယ့်နာမည်ကို မှတ်မိရဲ့လား?[မြန်မာဘာသာပြန်]Where stories live. Discover now