Chapter 15

1.3K 340 10
                                    

[Unicode]

ရည်းစားစာကိစ္စဖြစ်ပြီးသွားနောက် ဖုန်းဖေကို ကြိုက်သည့် ကောင်မလေးအရေအတွက်မှာ အများကြီး ပိုတိုးလာသည်။

"ဘာလို့လဲဆိုတော့ ငါ့က ..... အဲ့ကောင်မလေးနာမည်ကို မပြောလိုက်လို့?"

ဖုန်းဖေ အံ့သြတကြီးပင့်သက်ရှိုက်ကာ

"ဆွဲဆောင်ရတာ လွယ်လွန်းမနေဘူးလား?"

"ဒီတစ်ခါတော့ ငါမကူညီတော့ဘူး ၊ သူတို့ မင်းဖုန်းနံပါတ်ကို ဘယ်လောက်ကြီးပဲလာတောင်းနေနေ ငါမပြောဘူး"

ဟဲ့ဟော်သည် အရင်တစ်ခေါက်ကိစ္စမှာ သူ့အမှားကြောင့်ဖြစ်သည်ဟု ခံစားနေရကာ ထပ်မကူညီချင်တော့ပေ။

"အခု အဲ့ကောင်မလေးတွေက တည်တည်တံ့တံ့ဖြစ်အောင်ကြိုးစာနေကြတာ ၊ သူ့တို့ကိုယ်သူတို့ တာဝန်ယူစိတ်ရှိတဲ့ပုံစံမျိုးလေ ၊ ငါကတော့ သူတို့ အရမ်း မိုက်ရူးရဲဆန်တယ်လို့ပဲ တွေးမိတယ်"

"တာဝန်ယူစိတ်ရှိတဲ့ပုံစံတဲ့လား ငလူးထဲမှ!"

ဖုန်းဖေ သရော်ပြုံးပြုံးလိုက်ကာ

"ငါ့ကိုယ်ငါ ဒုက္ခရောက်အောင်လုပ်မိပြန်ပြီ ၊ ဖွင့်ပြောတဲ့တစ်ယောက် ဘယ်သူမှန်းသူတို့သိသွားရင် ငါ့လက်မဲကြီးကို ဆေးရတော့မှာမဟုတ်ဘူး ၊ အော် ဒါနဲ့ ဒီတစ်ပတ် ငါမဝင်မဆော့တော့ဘူး ၊ လုပ်စရာရှိလို့"

ဟဲ့ဟော် စက္ကန်းအနည်းငယ် ဆွံ့အသွားပြီး နောက်ဆုံးတော့ ပြောလာသည်။

"ဒါပေမဲ့ ဒီတစ်ပတ်ပိတ်ရက် ကျောင်းပေါင်းစုံချစ်ကြည်ရေးပွဲ ရှိတယ်လေ! မင်းတကယ်မသွားဘူးလား? ကောင်မလေးတွေ အများကြီးလည်း လာကြည့်ကြမှာ"

"အဲ့တာဆိုလည်း မင်းသွားပေါ့"

ဖုန်းဖေ ဂရုမစိုက်စွာ ဆက်ပြောသည်။

"ငါသွားစရာရှိတယ် ၊ အဲ့တော့ နောက်ဆက်တွဲ ပွဲတွေရှိရင်လည်း ငါ့ကိုလာပြောမနေနဲ့ ၊ ငါမသွားဘူး"

ဟဲ့ဟော် အံ့သြမှင်တက်သွားပြီး

"မင်းက မင်းနဲ့မတူတော့ဘူး ၊ မင်းကောင်မလေးရနေပြီမလား? မင်းကိုကြိုက်နေတဲ့ကောင်မလေးတွေပြောတာတော့ မင်းကျီယာ့ချီကိုငြင်းလိုက်တာ ကောင်မလေးရှိနေပြီးသားမလို့တဲ့"

ကိုယ့်နာမည်ကို မှတ်မိရဲ့လား?[မြန်မာဘာသာပြန်]Where stories live. Discover now