Chapter 21

1.2K 308 3
                                    

[Unicode]

သူတို့နှစ်ယောက် ခဏထိုင်နေကြသည်။ဟိုင်ရှို့မျက်နှာ မနီမြန်းတော့သည့်အချိန်ရောက်သည့်အခါ ဖမ်းဖေနာရီကိုကြည့်၍

"အိမ်ပြန်ချင်လား?"

ည ၁၀ နာရီထိုးတော့မည်ဖြစ်ပြီး ဟိုင်ရှို့ တကယ်အိမ်ပြန်ချင်သည်။သူ ဆော့ကစား ထိုင်နေကြဆဲဖြစ်သည့်သူများကို လှမ်းကြည့်ကာ တိုးတိုးပြောသည်။

"ပြန်လို့ အဆင်ပြေပါ့မလား? သူတို့ကို အရင်သွားမပြောသင့်ဘူးလား?"

"မလိုဘူး"

ဖမ်းဖေ ထိုကဲ့သို့သောပွဲမျိုးကို အတော်လေး အတွေ့အကြုံရှိသည်။ထို့ကြောင့် သူရှင်းပြသည်။

"တကယ်လို့ သူတို့ကို သွားနှုတ်ဆက်လိုက်ရင် သူတို့ငါ့ကို အတင်းတိုက်လိမ့်မယ် ၊ ဘာမှမပြောပဲ ပြန်တာပိုကောင်းတယ်  ၊ ဘယ်သူမှသတိမထားမိပါဘူး"

ဖမ်းဖေ အရင်အခန်းထဲမှထွက်လိုက်ပြီး ဟိုင်ရှို့မှာ မိနစ်အနည်းငယ်ကြာပြီးမှ လိုက်ထွက်သည်။သူတို့သည် စင်္ကြံလမ်း၌ လျှို့လျှို့ဝှက်ဝှက်ဆုံကြပြီး အောက်သို့ တိတ်တဆိတ်ဆင်းသွားကြသည်။

"ကုတ်အကျီဝတ်"

ဖမ်းဖေသည် သူ့လည်စည်းကို ဟိုင်ရှို့လည်ပင်းပေါ်သို့ပတ်ပေးလိုက်ကာ

"အခု အပြင်မှာ အရမ်းအေးတယ်"

သူတို့ကုတ်အကျီများဝတ်ပြီးသည်နှင့် အပြင်သို့ထွက်လာကြသည်။ကံကောင်းစွာဖြင့် မြို့ထဲ၌ တက္ကစီအဆင်သင့်ရှိနေသည်။ထို့ကြောင့် ဘတ်စ်ကားအကြာကြီးစောင့်နေစရာမလိုတော့ပေ။သူတို့ တက္ကစီပေါ်သို့ရောက်သည့်အခါ ဖမ်းဖေ သူနှင့်ဟိုင်ရှို့ပြန်နှင့်ပြီဖြစ်ကြောင်း ဟဲ့ဟော်အား ဖုန်းဆက်ပြောသည်။ဖုန်း၏တစ်ဖက်မှ မရေမတွက်နိုင်သော မကျေမနပ်ပြောသံများကိုကြားလိုက်ရပြီး ဖမ်းဖေရယ်ကာ ဖုန်းတန်းချလိုက်သည်။

"ပင်ပန်းနေပြီလား?"

ဖမ်းဖေ ဟိုင်ရှို့ပါးကို သူ့လက်ဖမိုးနှင့်ထိလိုက်သည်။

"ဘာလို့ မင်းပါးကနီနေသေးတာလဲ?"

ဟိုင်ရှို့ ပြန်မဖြေပေ။သူ ဖမ်းဖေ သူ့ကိုနမ်းတုန်းကအကြောင်းကို တစ်ချိန်လုံးပြန်တွေးနေမိသည်ဟု ပြောပြရန် ရှက်နေမိသည်။

ကိုယ့်နာမည်ကို မှတ်မိရဲ့လား?[မြန်မာဘာသာပြန်]Where stories live. Discover now