Chapter 45

915 176 4
                                    

[Unicode]

ဟိုင်ရှို့အဖေ၏ပြဿနာမှာ ဖုန်းဖေထင်ထားသည်ထက်ပင် ပိုပြီး ဖြေရှင်းရလွယ်ပေသည်။နောက်တစ်ရက် ထိုသူသည် ကျန်းယွီမန်ကို ထပ်ဆက်သွယ်လာသည်ဟု သူ သိရသည်။ဟိုင်ဟော်ဝေသည် ထိုနေရာ၌ ဆက်မနေတော့ကာ မနေ့ထဲက ပြန်သွားပြီဖြစ်ပြီး ယခင်သူနေခဲ့သောနှစ်များကဲ့သို့ပင် ပြန်ဖြစ်သွားလေပြီ။သူ ထပ်ပြီး ဟိုင်ရှို့ ကျွေးမွေးစရိတ်အတွက် ထပ်ပြီး လျစ်လျူရှုသွားပြန်၏။

ဖုန်းဖေ ကျန်းယွီမန်ကို မနှစ်သိမ့်မီ ထိုအစား ကျန်းယွီမန်က ဖုန်းဖေအား စနှစ်သိမ့်လာကာ ဟိုင်ဟော်ဝေကြောင့် စိတ်အနှောင့်အယှက်မဖြစ်ရန်နှင့် ထိုသူကို မရှိသည့်လူတစ်ယောက်သဖွယ်သဘောထားရန် ပြောလာသည်။ဖုန်းဖေ ကျန်းယွီမန်အား နှစ်သိမ့်ရန် ပြင်ဆင်ထားခဲ့သော စကားလုံးများမှာ အသုံးမဝင်ဖြစ်သွားလေသည်။ကျန်းယွီမန်မှာ သူထင်ထားသည့်ထက်ပင် စိတ်ဓာတ်ကြံ့ခိုင်သေး၏။

ယခု ကျန်းယွီမန်၌ ဝတ္တရားကျေပွန်ပြီးလိမ္မာသည့်သားလေးတစ်ယောက်ရှိသည်။ သူ(မ)သည်အလုပ်၌လည်း အဆင်ပြေရာ ပိုက်ဆံလည်းအများကြီးဝင်သည်။သူ(မ)ဘဝသည် သာယာပျော်ရွှင်မှုများနှင့် ပြည့်နှက်နေကာ မကျေမနပ်ဖြစ်စရာဘာတစ်ခုမှမရှိ။တစ်ဖက်တွင်မူ ဟိုင်ဟော်ဝေသည် ကျန်းယွီမန်နှင့် ကွာရှင်းပြီးသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သော်လည်း ပါမောက္ခတစ်ယောက်ဖြစ်ဆဲပင်။သူ့ယခုအလုပ်သည် သူ့စလုပ်ခါစအချိန်နှင့်တစ်ထပ်တည်း။နှစ်ပေါင်းများစွာ ကျော်ဖြတ်လာပြီး လက်ထပ်လိုက် ကွာရှင်းလိုက်ဖြင့်သာ။သူ့အသက်သည် လေးဆယ်ကျော်လာပြီဖြစ်ပြီး သူ့သားသည်လည်း သူ့ဘေးနား၌ ရှိမနေသည့်အပြင် သူ့အနားတောင် မကပ်ချင်ပေ။ပိုပြီးတွေးကြည့်လေလေ စိတ်မချမ်းမြေ့စရာများလေလေပင်။

ဖုန်းဖေ ထိုအကြောင်းကို တွေးကြည့်ရာ ကျန်းယွီမန်သည် ထိုကိစ္စနှင့်ပတ်သတ်၍ ဘာမှ စိတ်ညစ်နေခြင်းမရှိသည်ကို သတိပြုမိ၏။ဟိုင်ဟော်ဝေနှင့်ယှဥ်ကြည့်သော် သူ(မ)သည် ကွာရှင်းပြီးထဲက ရိုးရိုးမန်နေဂျာတစ်ယောက်ကနေ ဌာနတစ်ခု၏ခေါင်းဆောင်ပင်ဖြစ်နေခဲ့လေပြီ။သူ(မ)ရှေ့၌ အခွင့်အလမ်းများရှိကာ ဟိုင်ရှို့ကျန်းမာရေးမှ လွဲလျှင် သူ(မ)ဘဝ၌ စိုးရိမ်ပူပန်စရာ ဘာအကြောင်းမှမရှိပေ။သူသည်လည်း ယခု ထိုအကြောင်းအရာကို သုံးသပ်နေခြင်းပင်....

ကိုယ့်နာမည်ကို မှတ်မိရဲ့လား?[မြန်မာဘာသာပြန်]Where stories live. Discover now