Chapter 19

1.1K 314 9
                                    

[Unicode]

သူတို့ သွားမည်ဟု သဘောတူညီခဲ့သော်လည်း ဖမ်းဖေနှင့်ဟိုင်ရှို့သည် ခဏဆက်ပြီးစျေးဝယ်ထွက်လိုက်သေးသည်။ထို့နောက် သူတို့ကားငှားလိုက်ကာ သူတို့ပစ္စည်းတွေယူပြီး ပါတီပွဲသို့ သွားကြသည်။

သူတို့ ည၈ နာရီလောက်ရောက်သွားခဲ့သည်။တော်တော်များများရောက်နေပြီဖြစ်ပြီး သူတို့ဖမ်းဖေကိုမြင်သည့်အခါ သူ့ကို လာနှုတ်ဆက်ကြသည်။

ဖမ်းဖေ ပါတီပွဲရှိလူများကို တစ်ချက်ဝေ့ဝိုက်ကြည့်လိုက်ရာ သေချာသည်ပေါ့ ဟဲ့ဟော် တကယ်ပဲ သူတို့အတန်းဖော်များကို ဖိတ်ထားသည်။သူ ဟိုင်ရှို့ လက်ကိုကိုင်ကာ အခန်းထဲဝင်သွားပြီး အနည်းငယ်ချောင်ကျသောဆိုဖာပေါ်၌ ထိုကလေးကို ထိုင်ခွင့်ပြုလိုက်သည်။ထို့နောက် သူ ဘတ်စကတ်ဘောခေါင်းဆောင်ဆီသွားပြီး ဘီယာတစ်ဗူးဖောက်ကာ တန်းသောက်လိုက်သည်။သူပြုံးရင်း ပြောသည်။

"ငါမင်းကို လာမတွေ့နိုင်ပဲဖြစ်တော့မလို့ စိတ်ရင်းနဲ့တောင်းပန်တာကို လက်ခံပေးပါ"

ဖမ်းဖေနှင့် အဖွဲ့ခေါင်းဆောင်၏ဆက်ဆံရေးမှာ အမြဲတမ်းကောင်းမွန်ခဲ့သည်။ထို့ကြောင့် သူထိုကိစ္စကို ဒီလောက်အရေးမစိုက်ခဲ့ခြင်းဖြစ်သည်။ခေါင်းဆောင်က ရယ်မောကာ ပြော၏။

"ရပါတယ်ကွာ ၊ ရပါတယ် ၊ ငါလဲ ခြောက်လလောက်ပဲ သွားရမှာပါ ၊ ဒါပေမဲ့ စာမေးပွဲပြီးတာနဲ့တန်းပြန်လာမှာဆိုတော့ မင်းတို့ရဲ့အထက်တန်းဂုဏ်ပြုဓာတ်ပုံမှာ ငါပါဦးမှာပါ ၊ ဟေး ငါမင်းနဲ့ မင်းကောင်မလေးအတူလာမယ်ထင်နေတာ ၊ ဟဲ့ဟော် ပြောတာတော့ မင်း မင်းကောင်မလေးနဲ့ ဒိတ်လုပ်နေတာဆို..."

ခေါင်းဆောင်သည် နည်းနည်းမူးနေပြီဖြစ်ရာ စကားအရမ်းများလွန်းနေသည်။ဖမ်းဖေ ဟိုင်ရှို့ဘေးနား တကယ်ကို သွားထိုင်ချင်သော်လည်း ပြောရမှာ ကသိကအောက်နိုင်လှ၍ သူပြောသည်ကိုသာ ဆက်နားထောင်နေသည်။သို့သော် ခဏကြာသည့်အခါ စိတ်မရှည်တော့ပဲ သူခေါင်းဆောင်ကို အနည်းငယ် တွန်းကာပြော၏။

"စကားပြောဖို့ အခြားတစ်ယောက်ရှာလိုက်ပါ"

ခေါင်းဆောင်သည် ဟက်ဟက်ပက်ပက်ရယ်လိုက်ကာ သူ့ကောင်မလေးနားသွားတော့သည်။

ကိုယ့်နာမည်ကို မှတ်မိရဲ့လား?[မြန်မာဘာသာပြန်]Where stories live. Discover now