Chapter 27

1.1K 267 16
                                    

ကံဆိုးစွာဖြင့် ညပိုင်းအချိန်တက်ရမည်ကို ကံကောင်းသည်ဟု ဖမ်းဖေကဲ့သို့ တွေးကြသူမှာ အနည်းငယ်သာရှိပြီး အများစုမှာ မနှစ်ခြိုက်ကြပေ။မနက်တုန်းက ကျောင်းသားတစ်စု ကျောင်းအုပ်ကြီးရုံးခန်းသို့သွား၍ ထိုကိစ္စကိုပြန်ရုတ်သိမ်းပေးရန်ပြဿနာရှာကြရာ လက်မခံပဲ ပြန်လွှန်လိုက်သည်ဟုပင် ဖမ်းဖေကြားမိသေးသည်။

ထိုတစ်ကြိမ်၌ နီမေလင်းသည်လည်း စည်းမျည်းစည်းကမ်းအသစ်နှင့်ပတ်သတ်၍ မကန့်ကွက်ပေ။သူမအတွက်တော့ တတိယနှစ်ကျောင်းသားများသည် သူ့တို့၏စိတ်ကို စာထဲ၌နှစ်ထားသင့်သည်။အိမ်ပြန်ရောက်မှ စာကြည့်ခြင်းသည် ကျောင်း၌စာကြည့်ခြင်းလောက် ထိရောက်မှုမရှိဟု သူမ ထင်သည်။ထို့အပြင် ညပိုင်းကိုယ်ပိုင်စာကြည့်ချိန်ကို တက်သည့်သူကတက် ၊ မလာသည့်သူက မလာနှင့် သူတို့အား အလွန်အကျွံသင်ကြားရန် အဆင်မပြေဟု ထင်သည်။ယခု တွန်းအားပေးကာ အားလုံးကို လာခိုင်းသည့်အတွက် တစ်စုတစ်ရုံးတည်းတွေ့နိုင်ပြီး ဆိုးကျိုးထက် အားသာချက်မှာ ပိုသည်။

ဖမ်းဖေသည်လည်း ထိုကိစ္စကို သူသဘောတူကြောင်း ပြသည်။နီမေလင်း ထိုစကားများကို အတန်းထဲ၌ ပြောစဥ် ဖမ်းဖေက ကောင်းသည့်စကားအနည်းငယ်ကို ထပ်ပေါင်းပြောလိုက်သေးသည်။

အတန်းနားချိန်၌ အနှီကိစ္စကိုသဘောမတူသော စိတ်အားထက်သန်သူများသည် အတူတူဝိုင်းလိုက်ကြကာ ထိုစည်းကမ်းကို ပြောင်းလဲပစ်ရန် နည်းလမ်းအချို့တိုင်ပင်နေကြသည်။ဖမ်းဖေ တစ်ချိန်လုံး သူတို့ကို ကြည့်နေကာ သူ့မျက်နှာအမူအရာမှာ တည်ငြိမ်နေသော်လည်း စိတ်ထဲတွင်တော့ သူတို့ကို အပြစ်တင်နေသည်။

ဒါ နည်းနည်းလေးပိုပင်ပန်းပြီး နည်းနည်းလေး အချိန်ကုန်ရုံပဲမဟုတ်ဘူးလား?တတိယနှစ်တောင်ရောက်နေပြီကို မင်းတို့ကောင်တွေ နည်းနည်းလေးတောင် ကြိုးစားချင်စိတ်မရှိကြဘူးလား

ဒီကိစ္စကို တိုင်ပင်ဖို့ အချိန်တွေဒီလောက်ပေါနေရင် တရုတ်စာပေကို အာဂုံဆောင်နေကြပါတော့လား။

သိပ်မကြာခင်က ဟိုင်ရှို့ ဖမ်းဖေအား တရုတ်ရှေးဟောင်းကဗျာတစ်ပုဒ်၏လိုအပ်သည့် သတ်ပုံများကို ခေါ်ပေးထားကာ သူ ထိုကဗျာတစ်ဝက်ပင် ရနေပြီဖြစ်သည်။

ကိုယ့်နာမည်ကို မှတ်မိရဲ့လား?[မြန်မာဘာသာပြန်]Where stories live. Discover now