Chapter 34

1K 248 10
                                    

<Unicode>

အိမ်ပြန်ရမည့်အစား ဖုန်းဖေ ဟိုင်ရှို့အား နှင်းလျှောအပန်းဖြေစခန်းတစ်ခုသို့ခေါ်သွားသည်။

တောင်အနီးနားရှိ အဆောင်အဦသေးလေးတစ်ခုဖြစ်ကာ အလွန်တရာမှ လှပပေသည်။ပတ်ဝန်းကျင်ကို ကြည့်ရင်း ဟိုင်ရှို့၏မျက်လုံးများမှာ အရောင်တောက်လာသည်။ဖုန်းဖေ ပြုံးကာ ပြောသည်။

"ဒီမှာ ပျော်ပွဲရွှင်ပွဲလေးတွေရှိတယ် ၊ ညနေပိုင်းလောက်ကျရင်လည်း မီးပုံပွဲရှိလိမ့်မယ် ၊ ဒီက ပတ်ဝန်းကျင်က စောနကတစ်ခုထက်ပိုကောင်းတယ်"

ဟိုင်ရှို့ သူ့ခေါင်းကိုသာ ငြိမ့်ပြလိုက်၏။သူတို့ အခန်းကတ်ယူပြီးနောက် အခန်းထဲသို့ဝင်ကာ အနားယူကြသည်။

ဖုန်းဖေသည် နေ့လည်ထဲက နေ့လည်စာမစားရသေးသည့်အပြင် နေ့တစ်ဝက်လောက် ကားမောင်းခဲ့ရသည်။ထို့ကြောင့် နေ့လည်စာစားခဲ့ပြီးပြီဖြစ်သော ဟိုင်ရှို့သည် ဗိုက်မဆာသော်ငြားလည်း ဖမ်းဖေကို အဖော်ပြုကာ စားပေးနေ၏။

"ဟိုင်ရှို့ ၊ ကိုယ်မင်းကို ပြောစရာရှိတယ်"

ခရင်းကို ဘေးသို့ချပြီးနောက် ဖမ်းဖေ ပြောသည်။

ဟိုင်ရှို့မှာ ရုတ်တရက် ရင်ထိတ်သွား၏။သူ့ပါးစပ်ထဲရှိ စားစရာများကို မျိုချပြီးနောက် သူသည်လည်း ခရင်းကို ဘေးသို့ချလိုက်သည်။သူ ကိုယ်ကို မတ်မတ်ထိုင်လိုက်ကာ တိုးတိုးမေးသည်။

"ဘာ... ဘာလဲ?"

ဖုန်းဖေက ပြုံးသည်။

"ကြီးကြီးမားမားကိစ္စမဟုတ်ပါဘူး ၊ မစိုးရိမ်ပါနဲ့ ၊ နှစ်သစ်ကူး နီးလာပြီမလား?"

ဟိုင်ရှို့ခေါင်းငြိမ့်ပြလိုက်သည့်အခါ ဖုန်းဖေက ဆက်ပြောသည်။

"အဲ့တာ ကိုယ့်မိဘတွေက နှစ်သစ်ကူးပြီးရင် နိုင်ငံခြားသွားတော့မယ်လို့ ဆုံးဖြတ်ထားကြတယ်"

ဟိုင်ရှို့ မျက်လုံးများမှာ ဝိုင်းစက်သွားတော့၏။

"အဲ့လောက်မြန်တယ်လား?"

ဖုန်းဖေက ခေါင်းငြိမ့်သည်။

"အလုပ်ကိစ္စတွေက အကုန်ပြီးကုန်ပြီဆိုတော့ အရမ်းကို မြန်သွားတာ"

ကိုယ့်နာမည်ကို မှတ်မိရဲ့လား?[မြန်မာဘာသာပြန်]Where stories live. Discover now