Chapter 2

2.7K 522 11
                                    

ပထမအချိန်မှာ မြန်မြန်ဆန်ဆန်ကုန်သွားလေသည်။ဆရာမ ထွက်သွားသည့်အခါ ဟိုင်ရှို့သည် သူ့ဖြေလွှာစာရွက်ကိုထုတ်လိုက်ပြီး သူမှားသည့် မေးခွန်းနှစ်ပုဒ်ကိုပြန်တွက်ရန် ပြင်နေသည်။တွက်နေရင်း တစ်ဝက်လောက်ရောက်သည့်အခါ တစ်စုံတစ်ယောက်သည် အပေါ်စီးမှ ဖြေလွှာစာရွက်ရှိသူ့နာမည်ကိုကြည့်ရင်း တစ်ခစ်ခစ်ရယ်နေသံကို သူကြားလိုက်ရသည်။

"ဒါဆို မင်းနာမည်က 'ဟိုင်ရှို့' ပေါ့ ... စိတ်ဝင်စားစရာကောင်းတဲ့နာမည်ပဲ"

(*ဟိုင် - ပင်လယ် ၊ ရှို့ - ပြပွဲ )

ဟိုင်ရှို့ ရုတ်တရက် လှည့်ကြည့်လိုက်သည့်အခါ သူ့ခုံနောက်တွင် မတ်တပ်ရပ်နေသော အရပ်ရှည်ရှည်ကောင်လေးတစ်ယောက်ကိုသူတွေ့လိုက်ရသည်။သူအလန့်တကြားဖြစ်သွားကာ နောက်သို့ယိုင်သွားသည်။ဟိုင်ရှို့သူ့ပါးစပ်ကိုဖွင့်လိုက်သော်လည်း စကားတစ်ခွန်းမှမပြောနိုင်ခဲ့။

ဖုန်းဖေသည် ဟိုင်ရှို့၏မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရပြီးနောက် သူ၏နှလုံးသားထဲတွင် ကျယ်လောင်ဆူညံသွားတော့၏။တစ်ဖက်လူရဲ့မျက်နှာကတော်တော်လေးကို ဖြူတာပဲ။

ဟိုင်ရှို့၏မျက်နှာချောချောလေးကိုမြင်လိုက်ရသည့် ဖုန်းဖေသည် ရည်ရွယ်ချက်ရှိရှိ သူ့ကို စချင်သွားသည်။ထို့ကြောင့် အနားသို့တိုးကပ်သွားပြီး မေးလိုက်သည်။

"မင်းငါ့ကိုနောက်နေတာလား ? ငါ့စာရွက်ကို အခြားသူတစ်ယောက်ကို ဘာလို့ပေးလိုက်ရတာလဲ?"

ဟိုင်ရှို့ချက်ချင်းနားလည်သွားသည်။ထိုတစ်ယောက်မှာ ပြတင်းပေါက်ဘေးနားထိုင်သည့် တစ်ယောက်! သူ့နာမည်က .... ဟိုင်ရှို့၏ဦးနှောက်သည် ထိုသူ၏နာမည်ကို စဥ်းစားလိုမရတော့။သို့သော်လည်း သေချာသည့်အရာတစ်ခုကတော့ သူစာရွက်မှားပေးခဲ့ခြင်းပင် !

ထိုမတိုင်ခင် သူတည်ဆောက်ခဲ့သော ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိနေခြင်းမှာ ချက်ချင်းပြိုကွဲသွားပြီဖြစ်သည်။ဟိုင်ရှို့၏နှလုံးမှာ မရပ်မနားခုန်နေသည်။ဘာကြောင့်များထိုသူက သူ့ကိုလာရှာရတာလဲ ? သူစိတ်ဆိုးသွားတာလား ? ဖြေလွှာစာရွက်မှားပေးမိလို့ လက်စားချေဖို့ သူ့ကိုခေါ်လိုက်တာလား ? ဘာလို့လာရှာတာများလဲ .....

ကိုယ့်နာမည်ကို မှတ်မိရဲ့လား?[မြန်မာဘာသာပြန်]Where stories live. Discover now